ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၈ ယောက် ဖမ်းဆီးရမိပြီး ၆ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းမှာ ချင်းမိုင်မြိုရှိ နေအိမ်တွေကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဒုတိယရဲမှူးကြီး Sutheerthep Phonaruemit ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား ၈ ယောက်ကို အထောက်အထားစာရွက်စာတမ်းမရှိဘဲ ဝင်ရောက်နေထိုင်တာကို တွေ့ရှိခဲ့ပြီး အဲ့ဒီအထဲက ၆ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးရှိ ရဲတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံခြားသားတွေရဲ့ အခြေအနေတွေ စောင့်ကြည့်ကြပ်မတ်ဖို့ ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

(ဓာတ်ပုံ Chiangmai Immigration)

0 Shares:
You May Also Like
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်‌ခေါင်မှာ စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အဖြစ် All Power To The People (အာဏာအားလုံး လူထုဆီသို့) စာသားပါ ဘန်နာ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်…

ရန်ကုန်မြို့လယ်‌ခေါင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့အနေနဲ့ ' All Power To The People (အာဏာအားလုံး လူထုဆီသို့) ' ဆိုတဲ့ ဘန်နာကို တော်လှန်လူငယ်တွေ ချိတ်ဆွဲခဲ့တယ်လို့ General Strike Committee - GSC က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။