တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၁၉) ရက် မနေ့က ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃)နယ်မြေအတွင်း တပ်ကြပ်တစ်ယောက်အပါအဝင် တပ်သား(၇) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး အလင်းဝင်ရောက်လာတဲ့ တပ်သားအားလုံးဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။  

အလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီးနောက် အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉) အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) စတဲ့ သင်တန်းကျောင်းတွေက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅)နဲ့ (၆) သင်တန်းဆင်းတပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးက MA4 (၁)လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၄၀ မမ ၇ လုံး၊ ကျည် ၁၄၇ တောင့် ယူဆောင်လာပြီး ဒုတပ်စိတ်မှူးကတော့ MA2 (၁)လက်၊ ကျည်ဘောက် ၅ဘောက်၊ ကျည် ၁၆၄ တောင့်၊ လက်ပစ်ဗုံး ၁လုံး ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

တခြားတပ်သားတွေကတော့ MA4 တစ်လက်၊ ကျည် ၁၄၀ တောင့်၊ ကျည်ဘောက် ၅ ဘောက်၊ ၄၀ မမ ဗုံးသီး ၇ လုံး ၊ MA1 ၃ လက်၊ ကျည် ၃၀၅ တောင့် ၊ ကျည်ဘောက် ၆ ဘောက်၊ နင်းမိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ MA3 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၇၅ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ နင်းမိုင်း၁လုံး စတာတွေ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင် တပ်သား(၇) ယောက်ဟာ လမ်းကင်းတာဝန်ကျချိန်မှာ လက်နက်တွေ ယူဆောင်အလင်းဝင်ရောက်လာတာဖြစ်ပြီး ဒေါနတပ်ရင်းက ဆုကြေးငွေတွေ ပေးအပ်ကာ နွေးထွေးစွာ ကြိုဆိုထားတယ်လို့ သိရပါတယ်။

“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး၊ အတင်းအဓမ္မ ဖမ်းဆီး ဆွဲခံရပြီး ပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ”လို့ အလင်းဝင်စစ်သားတွေက ပြောပါတယ်။

ဒေါနတပ်ရင်းအနေနဲ့ အလင်းဝင်ရောက်လာသူတွေကို ကောင်းမွန်စွာ လက်ခံထားရှိကာ CDM ပြုလုပ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား (၁၈) ယောက် ရှိတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်

“စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက တောရော မြို့ပါမကျန် လူငယ်တိုင်း သတိချပ်ကြပါ။ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါ” လို့လည်း MDY PDF က‌ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းရွာက စစ်ကောင်စီတပ်ကို စခန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေလယ်ကျွန်းဒေသ၊ မင်းရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျည်အင်အားနည်းပါးတာကြောင့် စခန်းသိမ်းတိုက်ပွဲတော့ မဆင်နွှဲနိုင်ခဲ့ဘူးလို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) က ထုတ်ပြန်ပါတယ်။
Read More

မုံရွာရဲစခန်းမှာ အချုပ်ထဲ လူတွေ ပြည့်ညပ်အောင်ထည့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အမြတ်ထုတ်စီးပွါးရှာမှုတွေ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲစခန်းမှာ ရဲဝန်ထမ်းအသိုင်းအဝိုင်းက အချုပ်ကျနေသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေမဲ့ထိန်းသိမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူများအနက် ထက်ဝက်ကျော် ပျက်ကွက်၊ မြို့နယ် ၃ ခုတွင်သာ စစ်ကောင်စီ စာမေးပွဲကျင်းပနိုင်

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။