ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၅၉၉ တပ်က ၁၂၀ မမ လက်နက်ကြီး (၁) လုံးနဲ့ ၈၁ မမ (၁) လုံး တစ်ပြိုင်နက် ပစ်ခတ်ခဲ့တာကြောင့် ဘန်းလောင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၆၀) နှစ်အရွယ် ဒေသခံအမျိုးသမီး ၁ ယောက် ညာဘက်ပေါင်နဲ့ ညာဘက်ခြေသလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူတစ်ယောက်ရဲ့ ဆိုလာ တစ်ချပ် ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁၅ရက် ညပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က နတ်သံကွင်းကနေ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ ရေလဲကရင်ရွာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် (၁၇) နှစ်အရွယ် အရပ်သား ၁ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေ ရှိရာနေရာတွေကို ပစ်မှတ်ထားပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုနဲ့ နေထိုင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မှာ ဧရာဝတီမြစ်ထဲ စုန်ဆင်းလာတဲ့ သင်္ဘောကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်လို့ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ… သပိတ်ကျင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးပြီး ၁၈၃ ဦး ဒဏ်ရာရခဲ့

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF - Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကနေ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားများအတွက် ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို ကြိုဆိုထောက်ခံပွဲနဲ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။