မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်သယံဇာတတွေကို ထုတ်ယူဖို့ ပြုလုပ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာ ခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ (ဗိုလ်နိုင်-လေပွေမုန်တိုင်း) နဲ့အတူ လျှပ်စီး တပ်ခွဲ (အမှတ်၁၂တပ်ရင်း တပ်ခွဲ၃)၊ eleven people’s defence force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ T5 Wings အဖွဲ့မှ မနေ့ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရိုးမ (၁) အာဠာဝက စစ်ကြောင်း သင်တန်းအပတ်စဉ် (၄) ရဲဘော်‌များ၏ လေ့ကျင့်မှုပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရိုးမ (၁) အာဠာဝကစစ်ကြောင်း သင်တန်းအပတ်စဉ် (၄) သင်တန်းသားရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှုပုံရိပ်တွေကို အာဠာဝက စစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုက မြို့ပေါ်ရှိ စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Northern Shan State Alliance Army ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်း (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးကုတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ်က ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (Northern Shan State Alliance Army) ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။