ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မနေ့က ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀နာရီခွဲဝန်းကျင်အချိန်မှာ စစ်ကောင်စီက စက်တပ်လေထီးတွေကို အသုံးပြုကာ အိုင်စောက်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“လေယာဉ်နဲ့လည်း မဟုတ်ဘူး လက်နက်ကြီးလည်း မဟုတ်ပါဘူး စက်တပ်လေထီးတွေနဲ့ လာကြဲသွားတာပါ… ပြည် ဒကစ ၇၅ ကနေ စက်တပ်လေထီး ၃ စီးနဲ့ တက်လာပြီး အားလုံးပေါင်း ၇ လုံး ကြဲတာမှာ အိုင်စောက်ကျေးရွာကိုက ၂လုံး ကျသွားတာပါ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် အိုင်စောက်ကျေးရွာက ဒေါ်စန်းရီ (အသက် ၅၀နှစ်) သေဆုံးခဲ့ပြီး ဒေါ်စန်းရီရဲ့ သားဖြစ်သူ ဦးအောင်မျိုးဝင်း (ခ) ဖိုးပြား (အသက် ၃၈နှစ်) ဆိုသူမှာ  ဘယ်ဘက်လက် ဗုံးစထိမှန်ဒဏ်ရာရကာ မြေးဖြစ်သူ မရွှန်းလဲ့ဝေ (အသက် ၁၂နှစ်) လည်း ညာလက်မောင်းကနေ အစထိပြီး နောက်ကျောထိ ထုတ်ချင်းပေါက်ထွက် ဒဏ်ရာရရှိသွားကာ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ 

အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပဲခူးတိုင်းအနောက်ခြမ်းဘက်မှာ ပထမဆုံးဖြစ်ပြီး အိုင်စောက်ကျေးရွာအနီးနားမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ‌တွေ လတ်တလော ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံတို့ကို တာဝန်ကနေ ထုတ်ပယ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ကို ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ ခမရ ၅၅၈ တပ်၊ စစ်ကောင်စီတပ် လုံခြုံရေးကင်းနှင့် ရိက္ခာပို့စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကျောက်တံခါးရှိ သူဌေးကုန်းရွာ စစ်တပ်ကာကင်းစခန်းကို PDF နှင့် KNLA တို့ ဝင်ရောက်တိုက်ခိုက်၊ လက်နက်မချဘဲ ပြန်ခုခံသည့် စစ်သားအလောင်း ၅ လောင်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။