မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 

စားနပ်ရိက္ခာမလုံလောက်မှုအပြင် ငွေကြေးဖောင်းပွမှု၊လျှပ်စစ်မီးပြတ်တောက်မှုစတဲ့ အကျပ်အတည်းများစွာ ကို နိုင်ငံတစ်ဝန်းက သန်းနဲ့ချီတဲ့ ပြည်သူတွေက ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄နှစ်တာအတွင်း  မြန်မာနိုင်ငံအဝန်း ပဋိပက္ခများနှင့်ရုန်းကန်နေရပြီး တိုင်းနှင့်ပြည်နယ်၁၃ခုတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေဟာ စစ်ရေးပဋိပက္ခတွေနဲ့အတူ ဘေးအန္တရာယ်များ၊ ရောဂါဖြစ်ပွားမှု၊ စားနပ်ရိက္ခာမလောက်ငမှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆုံးရှုံးခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပြတ်တောက်ခြင်းတို့ ကို အဓိကရင်ဆိုင်ခံစားနေရခြင်းလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ရွေ့ပြောင်းနေထိုင်ရသူ   ၃ ဒသမ ၅ သန်းအထိ စံချိန်တင်မြင့်မားလာပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ  လုံခြုံတဲ့အမိုးအကာနှင့် သန့်ရှင်းသည့် သောက်သုံးရေရရှိဖို့ လိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်းရှိ လူဦးရေ ၄ ဒသမ ၂ သန်းကျော်ထံကို  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ အကူအညီများပံ့ပိုးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

လူမှုဒုက္ခတွေနဲ့အတူ   မြန်မာပြည်သူတွေဟာ  လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်အန္တရာယ်များရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ဆက်လက်ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။
Read More

တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာကြား တရားမျှတမှု ရှာဖွေသွားမည်ဟု အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့ ထုတ်ပြန်ကြေညာ…

အမျိုးသမီးတွေကို ရာဇဝတ်မှုကျူးလွန်တာဟာ တော်လှန်ရေးကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆို အပြစ်ပေးဖို့ စိန်ခေါ်မှုများစွာ ရှိနေပေမယ့် နည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှုကို ရှာဖွေသွားမယ်လို့ မတ်လ ၈ ရက် ဒီနေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုူသမီးများနေ့”မှာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံစီးပွားရေးကျဆင်းမှု၏ တရားခံ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က GDP တိုးတက်အောင်လုပ်ကြရန် ပြောကြား

အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။