အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ စစ်ဒေသရှိ ရှမ်းတောင်အထူးတပ်ဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်တဲ့ NCO အရာရှိငယ် သင်တန်းဆင်းပွဲကို ကရင်နီပြည်နယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းဦးစီးပြုလုပ်ပေးခဲ့တဲ့ အထူးလှုပ်ရှားတပ်က သင်တန်းဆရာတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ ရှမ်းတောင်အထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးနဲ့ သင်တန်းသား တပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းတောင်အထူးတပ်ဖွဲ့ (P.3-9702) ရဲ့ အရာရှိငယ် (NCO) သင်တန်းမှာ ဇန်နဝါရီ ၁၅ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ ဘာသာရပ် ၁၃ ခုကို အထူးလှုပ်ရှားတပ်က ပြန်လည်မျှဝေသင်ကြားပြသပေးခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ လက်တွေ့နဲ့စာတွေ့ ဖြေဆိုခဲ့ပြီးနောက် အောင်မြင်ခဲ့တဲ့ အရာရှိငယ်တွေကို သင်တန်းမှူး (အထူးလှုပ်ရှားတပ် တပ်ဖွဲ့မှူး)က အောင်မြင်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တဲ့ သင်တန်းသားဆင်းအရာရှိငယ်တွေက CQB အခြေခံ စစ်ရေးစွမ်းရည်ပြသခြင်း၊ CQC အခြေခံတိုက်ခိုက်ရေးစွမ်းရည်ပြသခြင်းတို့ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းတောင်အထူးတပ်ဖွဲ့အနေနဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွါးခဲ့တဲ့ ဖယ်ခုံမြို့နယ်၊ ခေါင်မိုင်းနဲ့ ဆီဆိုင်မြို့နယ် လွယ်ပွတ် တိုက်ပွဲတွေမှာ ပါဝင်ခဲ့သလို ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ဖားဆောင်းတိုက်ပွဲနဲ့ မိုးဗြဲမြို့ (ခမရ၄၂၂) တိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ညောင်ရွှေမြို့နယ် ရေပူရွာတိုက်ပွဲမှာလည်း ရှမ်းတောင်အထူးတပ်ဖွဲ့ ပါဝင်လှုပ်ရှား​ခဲ့ပြီး တိုက်ပွဲတွေအတွင်း ရဲဘော် ၁ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပေမယ့် အဆိုပါရဲဘော်ဟာ အခု အရာရှိငယ်သင်တန်းမှာ တက်ရောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းတောင်အထူးတပ်ဖွဲ့အနေနဲ့ အခြေခံစစ်သင်တန်းအပတ်စဥ် ၃ ခုအထိ ပြီးမြှောက်ခဲ့ပြီဖြစ်ပြီး အခြေခံစစ်သင်တန်း အပတ်စဥ် ၄ အတွက်လည်းသင်တန်းသား၊ သင်တန်းသူတွေ ဆက်လက်ခေါ်ယူနေသလို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ချင်သူတွေ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်ရဲ့ စီးပွားရေးဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေတယ်လို့ မင်းအောင်လှိုင်ဝန်ခံပြောဆို

စီးပွားရေးနဲ့ပတ်သက်ရင် နိုင်ငံဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

နိုဝင်ဘာလထဲ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေနဲ့ လက်ဝေခံ နေရာ ၁၄ ခုကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့

နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲက စစ်ကောင်စီ လေတပ်စခန်းတွေအပါဝင် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နေရာ ၁၄ ခုကို မြို့ပြအခြေစိုက် တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုအနောက်ခြမ်း တည်ပင်ရွာကို စစ်ကောင်စီအထိုင်တပ်မှ ဟောင်ဝစ်ဇာများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းသား ကလေးငယ်၁ယောက် ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဗျတ္တက မောင်းကို ပြောပါတယ်။