ရန်ကုန်မြို့ ဆိပ်ကမ်းကနေ ဆာလ်ဖျူရစ်အက်ဆစ်သယ်လာတဲ့ တွဲကား ၂၈ စီးနဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ တွဲကား ၁၈ စီး၊ ဂျန်ဘာယာဉ် ၅ စီးတို့ကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ် ၅ စီး ပျက်စီးကာ စစ်ကောင်စီလက်အောက်ခံ ထောက်ပံ့နှင့် ပို့ဆောင်ရေးဌာနဝန်ထမ်း (ရုံးစာရေးကြီး) ၁ ယောက် အပါအဝင် ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄) လက်ရုံးတပ် Brave Heart Army-BHA က ဦးဆောင်ပြီး Chindwin Fighter Group (CFG)၊ Golden Peacock Attack Force တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်မြို့ပြင်မှာ အကြမ်းဖက်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့ပြင်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေကို ပျက်စီးမှုကာ ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

မိုင်းကွင်းထဲ သောက်စားနေတဲ့ စစ်ကောင်စီတပ်သား တွေ ဖောက်ခွဲခံရပြီး ၄ ယောက်သေ၊ အများအပြား ပြင်းပြင်းထန်ထန် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

ဘုတလင်မြို့ အထကကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ People Defence organization of Budalin မှ သတင်း ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၁) ရဲဘော်သစ်တွေ ခေါ်ယူ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၁)၊ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၃)အတွက် ရဲဘော်သစ်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။