စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မနေ့က ဖေဖော်ဝါရီ ၁၉ရက်ည၈နာရီကျော်လောက်မှာ  နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ထိခိုက်မှုမရှိပေမယ့် အသေးစိတ်အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

TNLA နဲ့ စစ်ကောင်စီဟာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ရက်နဲ့ ၁၇ရက်တို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် အချက် (၃) ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပထမဆုံးအချက်အနေနဲ့ နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးထားပါတယ်။

ဒုတိယအချက်အနေနဲ့ နှစ်ဖက်စလုံး ထိုးစစ်တွေ ပြုလုပ်ခြင်း၊ ဒရုန်းနဲ့ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း အစရှိတဲ့ စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်တန့်ဖို့နဲ့ နောက်ဆုံးအနေနဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေက ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးတွေ သယ်ဆောင်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ TNLA က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ဘာတွေတောင်းဆို ဆွေးနွေးခဲ့သလဲဆိုတာတော့ မသိရှိရသေးပါဘူး။

(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းတံတားအဟောင်းကို အိန္ဒိယ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ လာရောက်စစ်ဆေး

အိန္ဒိယက ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ အထူးကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ဟာ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ စစ်ကိုင်းတံတားအဟောင်းကြီးကို စစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထား ရယူပြီး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်ပြော

လက်ရှိ KIA နဲ့ TNLA ကြားဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။