ထိုင်းနိုင်ငံ၊ ဖန်ငမှာ မြန်မာပြည်ထွက်စားသောက်ကုန်တွေ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ဆေးရာ ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးနဲ့ ဈေးရောင်းဝန်ထမ်း မြန်မာအမျိုးသမီး ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာစားသောက်ကုန်တွေကို တရားမဝင် ရောင်းချနေတယ်ဆိုတဲ့ သတင်းပေးတိုင်ကြားချက်တွေအရ ဖန်င ရဲတပ်ဖွဲ့က ကုန်စုံဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကုန်စုံဆိုင်မှာ ဈေးရောင်းနေတဲ့ (၅၄)နှစ်အရွယ် မြန်မာအမျိုးသမီးကို အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခွင့်ပြုချက် စာရွက်စာတမ်းတွေ မရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်စုံဆိုင်ပိုင်ရှင် (၆၁) နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားကိုလည်း အကောက်ခွန်မဆောင်ဘဲ တင်သွင်းလာတဲ့ ကုန်စည်တွေ ရောင်းချမှု၊ အလုပ်သမားကို (၁၅)ရက်အတွင်း မှတ်ပုံတင်ပေးရမယ့်သတ်မှတ်ချက် မလိုက်နာမှု၊ နိုင်ငံခြားသားအလုပ်သမားကို ခွင့်ပြုမထားတဲ့ လုပ်ငန်း လုပ်ကိုင်စေမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းပေးနေတဲ့ AVIC ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC နဲ့ ပူးပေါင်းနေမှုကို ရပ်တန်းက အမြန်ဆုံးရပ်ဖို့ မြန်မာပြည်သူတွေတောင်းဆိုသင့်ပြီလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign ) အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ်များ မြန်မာ့အရေး ကြားနာပွဲမှာ ပြောဆို

တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။