မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ အင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေရဲ့ အထိုင်ချနေရာကို Fixed Wings ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချပြီး မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒေသကာကွယ်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နဲ့ ငါန်းဇွန်မြို့နယ် ပကဖ(တိုက်နယ်-၁)၊ ဧရာမြွေပွေး ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ)၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းက နေအိမ် ၅၁ လုံး မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ဦးကို သတ်ဖြတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာ တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာအတွင်း ဒရုန်းနဲ့ ၅၂ ကြိမ် ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dragon Squad - TNI ထံက သိရပါတယ်။
Read More

ဟားခါးမြို့နယ် စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးအချို့ ပျောက်ဆုံးနေ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။