ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနဲ့ ဝက်ယင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၇ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနေ့က မနက်အစောပိုင်း ပြည်သူတွေ အိပ်မောကျနေချိန်မှာ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနဲ့ ဝက်ယင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုအတွင်း ဝက်ယင်းရွာက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်အပြင် အသက် ၁၀ နှစ်နဲ့အောက်အရွယ် ကလေးငယ် ၃ ယောက် စုစုပေါင်း မိသားစုဝင် ၇ ယောက်စလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နန်းအီရွာမှာလည်း အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်မြှင့်နေချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲ လုံးဝမဖြစ်ပွားတဲ့ မိုးမောက်မြို့နယ်က အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကြီးတွေကို ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်
Read More

၂၀၂၄ ခုနှစ်အတွင်း KNU ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား (၃၁၃၆) ဦး သေ၊ (၂၂၂၅) ဦး ဒဏ်ရာရရှိခဲ့…

ကရင်အမျိုးသားအစည်းအရုံး - KNU နယ်မြေမှာ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ယောက် သေဆုံးခဲ့ပြီး (၂၂၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။