တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၁၉) ရက် မနေ့က ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃)နယ်မြေအတွင်း တပ်ကြပ်တစ်ယောက်အပါအဝင် တပ်သား(၇) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး အလင်းဝင်ရောက်လာတဲ့ တပ်သားအားလုံးဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။  

အလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီးနောက် အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉) အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) စတဲ့ သင်တန်းကျောင်းတွေက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅)နဲ့ (၆) သင်တန်းဆင်းတပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးက MA4 (၁)လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၄၀ မမ ၇ လုံး၊ ကျည် ၁၄၇ တောင့် ယူဆောင်လာပြီး ဒုတပ်စိတ်မှူးကတော့ MA2 (၁)လက်၊ ကျည်ဘောက် ၅ဘောက်၊ ကျည် ၁၆၄ တောင့်၊ လက်ပစ်ဗုံး ၁လုံး ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

တခြားတပ်သားတွေကတော့ MA4 တစ်လက်၊ ကျည် ၁၄၀ တောင့်၊ ကျည်ဘောက် ၅ ဘောက်၊ ၄၀ မမ ဗုံးသီး ၇ လုံး ၊ MA1 ၃ လက်၊ ကျည် ၃၀၅ တောင့် ၊ ကျည်ဘောက် ၆ ဘောက်၊ နင်းမိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ MA3 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၇၅ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ နင်းမိုင်း၁လုံး စတာတွေ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင် တပ်သား(၇) ယောက်ဟာ လမ်းကင်းတာဝန်ကျချိန်မှာ လက်နက်တွေ ယူဆောင်အလင်းဝင်ရောက်လာတာဖြစ်ပြီး ဒေါနတပ်ရင်းက ဆုကြေးငွေတွေ ပေးအပ်ကာ နွေးထွေးစွာ ကြိုဆိုထားတယ်လို့ သိရပါတယ်။

“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး၊ အတင်းအဓမ္မ ဖမ်းဆီး ဆွဲခံရပြီး ပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ”လို့ အလင်းဝင်စစ်သားတွေက ပြောပါတယ်။

ဒေါနတပ်ရင်းအနေနဲ့ အလင်းဝင်ရောက်လာသူတွေကို ကောင်းမွန်စွာ လက်ခံထားရှိကာ CDM ပြုလုပ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား (၁၈) ယောက် ရှိတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် မင်းအောင်လှိုင်လက်ထဲ နျူစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားလျှင် ဒေသတွင်းနိုင်ငံများအတွက် မတွေးဝံ့စရာ အခြေအနေတစ်ခုဟု ဦးနေဘုန်းလတ် ပြောကြား

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထဲကို နျူကလီးယားစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားရင် ဒေသတွင်းနိုင်ငံတွေအတွက် မတွေးဝံ့စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ် - ၁၂/၂၀၂၅" မှာ ပြောကြားလိုက်ပါတယ်။
Read More

ဆိပ်ဖြူတွင် ကပစ ၂၂ အား သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးတိုင်ကို စစ်ရေးအရ အရေးပါမှုကြောင့် တော်လှန်ရေးအင်အားစုများ မိုင်းခွဲတိုက်ခိုက်…

" မီးလိုင်းက စလင်းဘက်ကနေ ဆက်သွယ်ထားတာပါ။ ကျနော်တို့ဖောက်ခွဲခဲ့တဲ့နေရာက ဆိပ်ဖြူကနေ လာရင် ၉မိုင်လောက်အကွာမှာဖောက်ခွဲခဲ့တာပါ။ မီးလိုင်းဖျက်တောက်တယ်ဆိုတာကလည်း စစ်ရေးအရ​အရေးပါလို့ပါ။ " လို့ ဆိပ်ဖြူ ပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ် တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ဘုရားသုံးဆူမှာ DKBA တပ်ဖွဲ့ နဲ့ NMSP တပ်ဖွဲ့တို့ ညှိနှိုင်းမှုနဲ့ ဂိတ်တွေ ပြန်ဖြုတ်

ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးရဲ့ ဂိတ်စခန်းတွေကို ပြန်လည်ဖြုတ်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူတရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်အုပ်စုက KNU ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာဆိုပြီး ထုတ်ပြန်ပါတယ်။