“သောင်ရင်းမြစ်ဘေးကနေ လက်ဗလာနဲ့ စခဲ့တဲ့တော်လှန်ရေး.. လေးနှစ်နီးပါးတော်လှန်ရေးနှင့်စစ်ဆင်ရေးကို ဖြတ်သန်းလာတဲ့အချိန်မှာ .. သေနတ်တစ်လက်တောင် ရဖို့ခက်ခဲခဲ့တဲ့ ကျနော်တို့ရဲ့တပ်ရင်း အခု သောင်ရင်းမြစ်ကို ကျော်လွန်တယ်။ သံလွင်မြစ်ကို ဆန်တက်တယ်။ တောင်တန်းဒေသတွေကို ကျော်လွန်ပြီး မြေပြန့်ဒေသတွေကို ရောက်ရှိပြီ။ နောက်ဆုံး ကျနော်တို့ စစ်တောင်းမြစ်ကို ကျော်ဖြတ်နိုင်ပြီ။ အိမ်ပြန်ခရီးလမ်း ရွေ့လာသလို စစ်ရေးအတွေ့အကြုံတွေ ပိုများလာပြီ”

ရဲဘော် ဘီဘီ (ဗျူဟာ ၂၆ တာဝန်ခံ)

“EAO ဒေသတွေမှာ ပညာသင်ယူပြီး အောင်ပွဲတွေနဲ့အတူ ရှေ့ကိုထွက်လာကြတဲ့ ရဲဘော်တွေအတွက် ဂုဏ်ယူပါတယ်။ နယ်မြေတွေကို ထိန်းနိုင်ဖို့ စိုးမိုးဖို့  အခက်အခဲတွေကြားက ရုန်းကန်ခဲ့ကြတာ။ ခွန်အားဖြစ်မိ ကျေနပ်ပီတိဖြစ်မိပါတယ်။ ဒီဒေသကို ကိုယ်တိုင်ရောက်တဲ့အခါ လွတ်မြောက်တော့မယ်လို့ ခံစားမိသလို အောင်မြင်မှုကလည်း အလှမ်းမဝေးတော့ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် ရိုးမခေါ်သံ ၂ ကမ်ပိန်းကလည်း တော်လှန်ရေးနဲ့အတူ အရေးကြီးပါတယ်”

ဒေါ်ဖြူဖြူသင်း (CRPH အတွင်းရေးမှူး)

ရိုးမခေါ်သံ ၂ ကမ်ပိန်းကို ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေထဲက ၅၀ % ကို ဗျူဟာ ၂၆ အတွက် ကျည်ဆန်ခဲယမ်းနဲ့ ကျည်ကာတွေ ဖြည့်တင်းသွားမှာဖြစ်ပြီး ကျန် ၅၀ % ကိုတော့ စစ်ဒေသခွဲ ၂ ဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီး စစ်မှုထမ်းခိုင်းထားခြင်းခံရတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာသူရဲ့ ပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်ကတော့ PDF က ပြည်သူထဲက ပြည်သူပဲ။ သင်တန်းပြီးရင် PDF နဲ့ ပြန်တိုက်ခိုင်းမှာ။ မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ပြေးလို့ မလွတ်လာလို့ ပါသွားခဲ့ရင်တောင်မှာ ရှေ့တန်းရောက်ရင် အလံဖြူပြမှာပဲ။ အလံဖြူပြမယ့်သူတွေလည်း တပုံကြီး။ အကုန်လုံးက ပေါ်တာဆွဲခံရတဲ့ သူချည်းပဲ"
Read More

ပြည်သူ့စစ်တွေကို ရှေ့ဆုံးကတိုက်ပွဲဝင်ခိုင်းနေကြောင်း တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ တပ်သား မောင်မောင်ဝင်း ထွက်ဆိုချက် (ရုပ်/သံ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေကို ရှေ့ဆုံး ကနေ တိုက်ပွဲဝင်ခိုင်းနေကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ ပြည်သူ့စစ်တပ်သား မောင်မောင်ဝင်းက အာရက္ခတပ်တော်ထံ ထွက်ဆိုခဲ့ပါတယ်။
Read More

ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားသည့် စစ်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းစဉ် ဖမ်းဆီးမိခဲ့တဲ့ ရဲတပ်ကြပ်လင်းထင်၏ ပြောကြားချက် (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ညီညီ​အောင် (ရုပ်/သံ)

''တပ်မတော်သည် ပြည်သူအပေါ် သစ္စာစောင့်သိရမယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ ဘာပဲလုပ်လုပ် ပြည်သူကျေနပ်ရမယ်ဆိုတဲ့ အနေအထားမရှိတော့တဲ့အချိန်မှာ ကျနော်တို့သည် တပ်မတော်ရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ လက်နက်ချလိုက်တာကို သစ္စာဖောက်တယ်လို့ ယူဆရလို့ရတယ်ပေါ့''
Read More

စစ်တပ်က ခိုင်းလို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရဟု အလင်းဝင် စစ်သားသစ် ပြော (ရုပ်/သံ)

စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။