မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးစခန်းနဲ့ မဂျီရွာက စစ်အု​ပ်စုတွေကို ဒရုန်းနဲ့ရော မြေပြင်ကနေပါ ၂ရက်ဆက် တိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ရက်၊ မနက်အ​စောပိုင်းက ငါန်းမြာကြီး အထိုင်စခန်းကနေ အရှေ့ဘက်ကိုထွက်လာတဲ့ စစ်တပ်နဲ့ပျူစောထီးတွေကို ငါန်းမြာကြီးရွာအရှေ့ဘက် ဘုန်းကြီးကျောင်းနားမှာ တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုတွေက ဘုန်းကြီးကျောင်းဝန်းအတွင်းထွက်ပြေး ခိုအောင်းသွားရာ တော်လှန်ရေးတပ်တွေကလည်း Fixed Wings ဒရုန်း ၅စီးသုံးပြီး ၇၀၀ ဂရမ်ဗုံးသီး ၆လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့​ သိရပါတယ်။ ဒါ့​အပြင် မြေပြင်‌ကနေလည်း လက်နက်ကြီး ၄၀မမ (၆) လုံးနဲ့ ၈၀မမ (၈) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၄ ယောက် သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း 925 ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ်

ဒီလိုမျိုး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့  ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့ စစ်ကောင်စီဟာ ဘုန်းကြီးကျောင်းဝန်းထဲက စစ်အုပ်စုတွေအတွက် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ Mi35 ရဟတ်ယာဉ်နဲ့ဘုန်းကြီးကျောင်း ဘေးပတ်ချာလည်ကို မိနစ်၄၀ကြာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၉ရက်နေ့ မနက်ပိုင်းမှာလည်း မဂျီကျေးရွာအတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုတွေရှိရာကို တော်လှန်ရေးပူးပေါင်းတပ်တွေက Fixed Wings ဒရုန်း ၂စီးသုံးကာ ဗုံးသီး ၇၀၀ ဂရမ် ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ တော်လှန်ရေးတပ်ကာကင်းနဲ့ မြေပြင်ထိတွေ့မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

” အဲ့နေ့ ဖြစ်စဥ်က ကျနော်တို့ ဒရုန်းတွေနဲ့အရင်ချတော့ ဒီကောင်တွေအထိနာပြီး ဒရုန်းလာရာနောက်ကို ပြေးလာလိုက်လာတာပေါ့။ အဲ့မှာ ကျနော်တို့ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ကာကင်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်ခဲ့တာပါ။” လို့ 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ်

“စစ်အုပ်စုသေဆုံးမှုကတော့ ကာကင်းအဖွဲ့ပြောပြချက်အရဆို ၁၀ကောင်လောက် ရဲဘော်တွေရှေ့ပြန့်ကျဲကုန်တယ်ပေါ့။ ကျနော်တို့ရဲဘော် ၁ယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရထားပါတယ်။” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို 925 ပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နဲ့အတူ TGYR-YouthGuerrillaCounterRevolution-NZ ( TGYR-Drone Team) ၊ ငန်းနက် ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း၊ ဧရာမြွေပွေးပြောက်ကျားတပ်၊ နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ်-တိုက်နယ်၂ပကဖ အဖွဲ့၊ ငါန်းဇွန်မြို့နယ်( မြို့နယ် ပကဖ)၊ အမရပူရမြို့နယ်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ငါန်းဇွန်မြို့နယ်အတွင်းမှာ အဆက်မပြတ် လုပ်ဆောင်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းသတိ၊ အသိရှိရှိနဲ့ နေထိုင်ပေးကြဖို့လည်း 925 ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေကြီးမှုကြောင့် မြန်မာပြည်သူ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။ 
Read More

သေဆုံးသူ မြင့်ဆွေအတွက် ကျန်ရစ်တဲ့ စစ်အုပ်စု ဝမ်းနည်းခြင်းကာလ သတ်မှတ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။