ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

နာမည်ကြီး ရွှေကုက္ကိုလ် ကျားဖြန့်ဂိုဏ်းတွေကနေ ကယ်ထုတ်လာတဲ့ တရုတ်နိုင်ငံသား (၂၀၀) ထဲက  အယောက် (၅၀) ကို ပထမအသုတ်အဖြစ် ထိုင်းနိုင်ငံကတဆင့် China Southern Airlines နဲ့ ဒီနေ့ ဖေဖော်ဝါရီ (၂၀) ရက် နေ့လယ်ပိုင်းမှာ ပြန်လည်ပို့ဆောင်ပေးလိုက်တာပါ။

စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်ဂိုဏ်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက် မနက်အစောပိုင်းက စတင်ပြီး BGF က ဝင်ရောက်စီးနင်းကာ အဓမ္မဖမ်းဆီးခံထားရသူတွေကို ခေါ်ထုတ်လာတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ The Reporters)
(ဓာတ်ပုံ The Reporters)

တရုတ်နိုင်ငံသား (၂၀၀) ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို လွှဲပြောင်းပို့ဆောင်သွားမှာဖြစ်ပြီး တစ်ကြိမ်ကို အယောက် (၅၀) နှုန်းနဲ့ (၄) ကြိမ် ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖြန့်တွေထံကနေ ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေး ကြိုတင်ပြင်ဆင်ဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထိ ရောက်ရှိလာခဲ့ပါတယ်။

မကြာသေးခင်က ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ မြဝတီက ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှုအပြီး အခုလို တရုတ်ကိုယ်စားလှယ်တွေ လာရောက်ခဲ့တာပါ။

BGF က ဖြိုခွင်းတဲ့ ကျားဖြန့်ဂိုဏ်းတွေထဲမှာ လူပေါင်း ၂၀၀၀ ခန့် ထိန်းသိမ်းခံထားရပြီး တဝက်က တရုတ်နိုင်ငံသားတွေဖြစ်ကာ သူတို့ထဲမှာ လူကုန်ကူးခံရသူတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ သဘောဆန္ဒအလျောက် လုပ်ကိုင်သူတွေ နှစ်မျိုးစလုံး ပါဝင်တာဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း ရာဇဝတ်သားတွေ နှိမ်နင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာမှုတွေ ရှိနေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က တရုတ်ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေ တွေ့ဆုံချိန်မှာလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို မြန်မာ-ထိုင်း-တရုတ် (၃) နိုင်ငံ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီမှုတွေ ရရှိထားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Reporters)
(ဓာတ်ပုံ The Reporters)
0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထောင်ချီသည့် အမေရိကန်ပြည်သူများ သမ္မတထရမ့်ကို ထပ်မံဆန္ဒပြ

အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
Read More

မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေ

မြန်မာ့အရေးမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကူညီထောက်ခံမှုမျိုးကို မြန်မာပြည်သူတွေ အဓိက လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီမှာ မြန်မာရွှေ့ပြောင်း ၁၉ ဦးနဲ့ ပို့ဆောင်ပေးသူ ၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။