ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေရှိရာကို ရိက္ခာလိုက်လံပို့နေတဲ့ ရိက္ခာသည်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ရာ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား (၉) ယောက်လုံး သေဆုံးသွားတယ်လို့  ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 

မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ ၅နာရီ ဝန်းကျင်အချိန်မှာ ရိက္ခာနဲ့ လက်နက်တွေ သယ်ယူပို့ဆောင်ပေးနေတဲ့ ယာဉ် ၂စီးကို ပေါက်ခေါင်းမြို့နယ် ပြည်-ပေါင်းတလည်ကြား တောင်ဆင်းဝဂွေအနီးမှာ ၃၆၀၁ တပ်ရင်းစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“ကားပေါ်ပါလာသူ ၉ဦးလုံးသေပါတယ်၊ လမ်းကလာနေကျလမ်းပါပဲ.. ကျနော်တို့လည်း တစ်ပတ်လောက်အချိန်ယူပြီး စောင့်တိုက်ခဲ့တာပါ” လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။ 

တိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်တွေက လက်ဦးမှုရယူနိုင်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ စစ်သား ၉ယောက်လုံးမှာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်နေစဉ်အတွင်း ရိက္ခာသယ်ယာဉ်ပေါ်မှာ ပါလာတဲ့ ဆီပေပါတွေ မီးလောင်ပြီး လက်ပစ်ဗုံး၊ ကျည်နဲ့ တခြား (၄၀) မမအသီးတွေပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ လက်နက်တွေကို မသိမ်းဆည်းနိုင်ခဲ့ဘဲ မီးမကူးသေးတဲ့ လက်ပစ်ဗုံး (၁)လုံးနဲ့ ကျည်တချို့ကိုသာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးအရှိန်မြှင့်တင်နေပြီ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့စားနပ်ရိက္ခာပစ္စည်းတွေကို ဆိုင်ကယ်၊ ကား ငှါးရမ်းသယ်ဆောင်ခြင်းမပြုကြဖို့ အသိပေးထားပါတယ်။⁩

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြောင့် ဂွမြို့နယ်ထဲက စစ်ကောင်စီ အမြောက်တပ် နောက်ဆုတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မျက်နှာပန်းလှအောင် လုပ်တဲ့ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်း တကယ်ရော လွတ်ငြိမ်းဟုတ်ရဲ့လား

အာဏာသိမ်းစစ်အုပ်စုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲ အမှုတွေကို ပိတ်သိမ်းဖို့ မနေ့က ည ၈ နာရီ သတင်းမှာ ကြေညာပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူတချို့ကို မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေကနေ လွတ်ပေးခဲ့ပါတယ်။
Read More

ဟားခါးမြို့အနီးက စစ်ကောင်စီတပ်စခန်းကို CNA နဲ့ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးအပါ စစ်သား ၁၀ယောက်ကျော်သေပြီး၊ ၁၉ယောက်ကို လက်နက်များနဲ့အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။