မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ  ၂၀၇ တပ်ရင်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ၆၀ မမ ၊ Multi Drones၊ Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Inntakaw People’s Defence Force -IPDF  ထံက သိရပါတယ်။

ခမရ ၂၀၇ တပ်ရင်းထဲရှိ လက်နက်ကြီးနေရာတွေနဲ့ ကင်းပုန်းနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း Multi Drone ၊ RPG နဲ့ လက်နက်ကြီးတွေ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ တပ်ရင်းထဲကို လူနာတင်ယာဉ် ၂ စီး လာရောက်ကာ ဒဏ်ရာရရှိသူတွေကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို KNLA ဦးဆောင်မှုနဲ့ ကဝ ပကဖ၊ ဝေါ ပကဖ၊ အင်းတကော်  ပကဖ ၃ မြို့နယ်ပူး‌ပေါင်းတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

မုန်းမြို့တွင် အရပ်သား ၁ ဦး ထင်းခွေးရင်း မိုင်းနင်းမိ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်တပ်သံပြားကာကားများနှင့် ကြေးနီတင်တွဲကားများကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာကား ၈ စီးနဲ့ ကြေးနီတင်တွဲကား ၂၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Heart Army -BHA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်ကြောင်း ထိုးလာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။