မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုင်းရှင်းရေးထွက်လုပ်တဲ့ စစ်ကောင်စီတပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့​​​ကြောင်း ဆိပ်ဖြူတကိုယ်တော်ကျားဇိုးက မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်၊မနေ့က မနက်အစောပိုင်းမှာပေါက်မြို့နယ် အခြေစိုက် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ လင်းယုန်ဂိတ်အနောက်ဘက်၊ ခွေးအူတောင် လမ်းပေါ်မှာ မိုင်းရှင်းလင်းရေးထွက်လုပ်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးနဲ့ ဇုံ(၁) ပကဖ တို့က အဝေးထိန်းမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ကြပ်အဆင့်ရှိသူ အောင်ဇော်မြင့် နေရာတင်သေဆုံးသွားပြီး ကျန်တဲ့ ၂ယောက်လည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

“ဟိုရက်ပိုင်းလေးကတင် ကျနော်တို့ အဲ့နားမှာ မိုင်းခွဲတိုက်ခိုက်ထားတော့ သူတို့က (ကပစ၂၄စစ်သား) အဲ့နားမှာ ကင်းပုန်းဝပ်နေကြတာ။ အဲ့ဒါ ဒီနေ့မနက်၅နာရီလောက်မှာ မိုင်းထွက်ရှင်းတုန်း အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရတဲ့ ၂ယောက်လည်း ခြေပြတ်လက်ပြတ်နဲ့ သေနိုင်ပါတယ်။” လို့ ဆိပ်ဖြူတကိုယ်တော်ကျားဇိုးက မောင်းကိုပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ​မြိုင်မြို့နယ်မှာလည်း Non CDM ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ စစ်အုက်စုကားတန်းကို မြိုင်မြို့တစ်နေရာမှာ ကြားဖြတ်ပစ်ခတ်ရင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ၁၈ရက် မနေ့က နေ့လယ်ပိုင်းမှာ မြိုင်မြို့ပေါ်ကနေ မောင်းနှင်လာတဲ့ စစ်အုပ်စုကားတန်းကို မြိုင်မြို့နယ်၊ ထန်ငယ်တောရွာနဲ့ စဘေရွာအကြားမှာ တော်လှန်ရေး​တပ်တွေက ဝိုင်းဝန်းပစ်ခတ်ရင်း အပြန်အလှန် ပစ်ခတ်မှု ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်သွားတယ်လို့သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီကားတွေ စဘေရွာနားအရောက်မှာ တော်လှန်ရေးတပ်တွေ အသင့်ထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲခဲ့တာကြောင့် ကားတွေထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားတွေ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးခဲ့ကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့နဲ့ ပစ်ခတ်မှုဖြစ်တုန်း မျက်မြင်စခ ၃ကောင်က မြေပြင်ပေါ်လဲကျပြီး ပြန်မထနိုင်တာတွေ့ရတယ်။ ပခုက္ကူကို ပြန်တဲ့ကားတွေလို့ သိရတယ်။ မြိုင်ကနေ Non တွေ၊ ပျူတွေကိုခေါ်ပြန်နေတာပေါ့နော်။ ကားတွေက ပြည်သူပိုင်ကားတွေရော ဖောကားတွေရော အစုံပါပဲ။ ကားတွေမိုင်းမိပြီး ၂စီးကိုလည်း သူတို့မီးရှို့ခဲ့ပါသေးတယ်။” လို့ M.V.P Revolution Force အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အညာမြေအင်အားစု ၊ M.V.P Revolution Force နဲ့ မြိုင်ပကဖတို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။

မြိုင်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပုံ၊ 8+ အညာ​မြေအင်အားစုအဖွဲ့ဝင်များနှင့် ဆိပ်ဖြူတကိုယ်တော်ကျားဇိုး မိုင်းထောင်နေစဥ် (ဓာတ်ပုံ M.V.P Revolution Force)

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

မတ္တရာအရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ရက်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

"စကစ က တိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ ဆက်တိုက်ဖြစ်နေတာ ၂ရက် ၃ရက် ရှိပြီ။ ဒီနေ့အထိပဲ။ လေယာဥ်တွေကလည်း Y12 လာလိုက်၊ ဖိုက်တာလာလိုက်နဲ့ ပြည်သူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေပြီ" လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ပျူရွာကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုတွေ ၂ရက်ဆက်တိုက်ခိုက်ခံရ၊ ၁၀ယောက်သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။