ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ​လက်အောက်ခံတပ်တွေကိုလည်း အပြီးသတ် ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပြီး အမတ ၃၆၆ ကိုပါ မနေ့က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စကခ ၂၁ တပ်ရင်းဌာနချုပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဟာ နှစ်လခွဲကျော်အတွင်းမှာတော့ စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊  ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နဲ့ ဒုံးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်တွေ ကျန်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် တိုက်လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု ခုခံနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်ကို ချင်းပြည်ကောင်စီက လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်

ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

“ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက ရန်ကုန်မှာပြန်ဆုံမယ် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မြို့မငြိမ်း ရေးစပ်ခဲ့သည့် ဂန္တဝင်မြောက် “လူချွန်လူကောင်း” သီချင်းကို ပါတီမဲဆွယ်ဖို့ အသုံးပြုခြင်းအား မြို့မငြိမ်းမိသားစု ကန့်ကွက်ကြောင်း ကြေညာ

အလင်္ကာကျော်စွာဘွဲ့ရ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ ဂန္တဝင်မြောက် "လူချွန်လူကောင်း" သီချင်းကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက မဲဆွယ်စည်းရုံရာမှာ ရောင်းချအသုံးပြုစေမှုကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။