မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာရိက္ခာရှာထွက်လာတဲ့ ဝက်လူးနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ယောက် နေရာတင်ပွဲချင်းပြီးသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ကိုစိုးအောင်က မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက် မနေ့က မနက်အစောပိုင်းမှာ မြင်းခြံခရိုင်တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀တို့ဟာ ဝက်လူးကျေးရွာထဲအထိ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးကာ G3 သေနတ်၂လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ဝက်လူးရွာ ရဲစခန်းနဲ့ မီတာ ၂၀၀အကွာလောက်ထိ ဝင်ပစ်တာပါ။ ၃ယောက်လောက်​ နေရာတင် ပွဲချင်းပြီးသေပြီး အလက်၂လက် ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဝက်လူးစခန်းက စခတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပါတယ်။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး။” လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ကိုစိုးအောင်က မောင်းကို ပြောပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်

နွားထိုးကြီးမြို့နယ်ဟာ အခုလိုမျိုး စစ်ကောင်စီထောက်တိုင်တွေကို ဖြိုခွင်းရာမှာ လက်သံပြောင်တာကြောင့် ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့ဆိုသလို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်တာတွေ မကြာခဏလုပ်​ဆောင်လေ့ရှိကြောင်း၊ လုပ်ဆောင်နိုင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေကို သတိပေးပြောကြားထားပါသေးတယ်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းနယ်မြေမှာလည်း ရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ရဲတွေပစ်ခတ်ခံရပြီး ၂ယောက်သေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်၊ မနေ့က မနက်အစောပိုင်းမှာပဲ ပုဂံရဲစခန်းကနေ ဆိုင်ကယ်စီးနင်းလာတဲ့ ရဲတွေကို သေနတ်နဲ့ပစ်ခတ်သွားတာလို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ သတင်းတွေမှာတော့ တရားရုံးထုတ်သွားရောက်မယ့် ရဲတွေကို အလိုတော်ပြည့်ဘုရားအနီးမှာ ဟွန်ဒါဖစ်ကားပေါ်ကနေ သေနတ်တွေနဲ့ အချက်၂၀နီးပါး အနီးကပ်ပစ်ခတ်သွားတယ်လို့ ဖော်ပြကြပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ဖြစ်သူနဲ့ ရဲတပ်သား၁ယောက်တို့ နေရာမှာတင် သေနတ်ဒဏ်ရာတွေနဲ့အတူ သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ လက်နက်ပစ္စည်းတွေကိုလည်း သေနတ်သမားတွေက သိမ်းဆည်းသွားကြောင်းသိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မြို့သာမြို့လယ်ခေါင် ဆက်ကြေးကောက်သည့် အကြမ်းဖက်စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့ လုပ်နေတဲ့ စစ်အုပ်စုတွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းက အနန်းကွင်းကျေးရွာက အိမ်ခြေ ၅၀ ခန့်ကို မီးရှို့ဖျက်ဆီး…

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းက အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်က်ု မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။