မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်က ကျေးရွာစာသင်ကျောင်းကို ဖေဖော်ဝါရီလ ၁၈ ရက် ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ပွဲချင်းပြီး သေဆုံးကာ အသက် ၅၃ နှစ်အရွယ် အမျိုးသားနဲ့ ၂ နှစ်အရွယ် ကလေးငယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာစာသင်ကျောင်းလည်း ဗုံးသီး ထိမှန်ကာ ပျက်စီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မကြာခဏ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ ပြုလုပ်ထားဖို့ လိုသလို လေကြောင်းအန္တရာယ်ကို အထူး ဂရုပြု နေထိုင်ဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်တွင် ကာကွယ်ရေးတပ်ဖွဲ့၏ ဂိတ်စခန်းကို စစ်တပ် လေကြောင်းပစ်ခတ်ရာ အနီးနားရှိ ‌ဈေးသည်အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်မတာ ၃စီးနဲ့ လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။