ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာသယ်လာတဲ့ စစ်ယာဉ်တွေကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်မှာပါတဲ့ စစ်သား ၉ ယောက်လုံးသေခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။

ရိက္ခာနဲ့ လက်နက်တွေ သယ်လာတဲ့ စစ်ယာဉ် ၂ စီးကို ပြည်-ပေါင်းတလည်ကြား တောင်ဆင်ဝဂွေအနီးမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ရှိ ဆီပေပါတွေ မီးလောင်ကာ ၄၀ မမ ဗုံးသီး၊ လက်ပစ်ဗုံးနဲ့ ကျည်တွေ မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် ကျည်ဆံတချို့နဲ့ လက်ပစ်ဗုံး ၁ လုံးသာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် မင်းအောင်လှိုင်၏ ယတြာအစီအစဉ် ပျက်စီး (ရုပ်/သံ)

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For  Myanmar (BWM) က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 မှာ ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ(၃) ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ရဲဘော်တွေကို ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြားပေးနေတဲ့ မှတ်တမ်းရုပ်သံကို Urban Operation Columnမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။