အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ကိုယ်စားလှယ်ဦးစောဘလှသိန်းနဲ့ အဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၉ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတွေ့ဆုံမှုအတွင်း NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးရဲ့ ရုံးလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေ၊ သံတမန်ရေးရာ ကိစ္စရပ်တွေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်ကြောင်းမှူး စောစောစီးစီး သေကာ စစ်အုပ်စု ဖရိုဖရဲဖြစ်၊ သေဆုံးသူ အယောက် ၇၀ ကျော်ထဲမှာ ပုဂံညောင်ဦးမြို့ပေါ်မှ ပြည်သူ့စစ် အများအပြား​ပါဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်​အုပ်စုတွေကို စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဂန့်ဂေါမှာ စစ်ရေး သတင်းပေါက်ကြားမှုကို ထိန်းချုပ်နိုင်ဖို့ အခပေး Starlink အသုံးပြုခွင့်ကို တစ်လပိတ်ပင်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ…
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို ကြိုဆိုကြောင်းနဲ့ ကျူးလွန်ပတ်သက်သူတွေကို အမြန်ဆုံးဖမ်းဆီးမိန့်ထုတ်ပြန်ဖို့ Defend Myanmar Democracy အဖွဲ့တောင်းဆို

အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် အပါအ၀င်  ၂၅ဦးကို  ဖမ်းဆီးမိန့်ထုတ်ပြန်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့  Defend Myanmar Democracyအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။
Read More

ကျွန်းစုတွင် စစ်သင်္ဘောနှင့် ပျူလှေ တိုက်ခိုက်ခံရပြီး ၂ ဦး သေကာ ဝရုန်းသုန်းကား ထွက်ပြေး

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေခြင်း ရှိမရှိ နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်အုပ်စုရဲ့ သင်္ဘောတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က သတင်းထုတ်ပြန်ပါတယ်။