ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ငဖဲမြို့နယ်အပိုင်၊ နတ်ရေကန်ဗျူဟာကုန်းစခန်း အနီးဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

နတ်ရေကန် ခံစစ်စခန်း အနီးဝန်းကျင်မှာ ထိတွေ့မှု အနည်းငယ်ရှိတာကလွဲရင် တိုက်စစ်ကြီးကြီးမားမား မရှိသေးပေမယ့် မကွေးလေတပ်ကတော့ ရဟတ်ယာဉ် တစ်လှည့် လေယာဉ်ပျံ တစ်လှည့်နဲ့ ကင်းထောက်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။ 

“နတ်ရေကန်စခန်းက အမ်းမကျခင်ကတုန်းကတော့ ရေတာစခန်းပေါ့နော်၊ အမ်းကျပြီးနောက်ပိုင်းမှ အမြောက်တပ်က အဖွဲ့တွေရော၊ တပ်မ ၉၉ က အဖွဲ့တွေရောနဲ့ လက်နက်ကြီးစခန်းအဖြစ် လုပ်ထားတာပါ၊ ပြီးတော့ မြေတူးစက်တွေနဲ့ သေချာမွမ်းမံထားတဲ့ အင်အားရာချီရှိနိုင်တဲ့ စံပြခံစစ်လို့ ဆိုရမယ့် ဗျူဟာကုန်းစခန်းပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ မြေပြင်အနေအထားအရ ခံစစ်ဆင်သူဘက်က အရေးသာနေတဲ့ အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။ 

အလားတူ ရခိုင်ပြည်နယ်-ပဲခူးတိုင်းအစပ်က စစ်ကောင်စီစခန်းတွေကိုလည်း AA ကနေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ပုဂံကွဲစခန်းတစ်ခုကို AA က သိမ်းပိုက်ရရှိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

“ပုဂံကွဲစခန်းကို ရတယ် ပြီးရင် ညောင်ကျိုး…. အဲဒီနောက်မှာက  ဥသျှစ်ပင်နဲ့ သိပ်မကွာတော့ပါဘူး၊ ညောင်ကျိုးမှာ ခံစစ်ပြင်ထားတာ အင်အားများတယ်ဆိုပေမယ့် ကပစ စစ်သားတွေဆိုတော့ အားရဖွယ်ခံစစ်တော့ မရှိပါဘူး” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ အသက်သွေးကြောတခုလို့ ပြောစမှတ်ပြုကြတဲ့ ကပစ ၅ (ယမ်းချက်စက်ရုံ)၊ ကပစ ၆ (သံချက်စက်ရုံ) တို့ဟာ ဥသျှစ်ပင်မြို့မှာတည်ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲမှုကို AA စစ်စခန်းဖြစ်သည့်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ထုံးစံအတိုင်း လိမ်လည်ဝါဒဖြန့်

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ အာရက္ခတပ်တော်(AA) က စစ်စခန်းအဖြစ် အသုံးပြုနေတာကြောင့်ဖြစ်ကြောင်းနဲ့ ထိခိုက်သေဆုံးသူတွေဟာ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်ကြောင်း စစ်အုပ်စုက ထုံးစံအတိုင်း လိမ်လည်သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေတဲ့ လူနာများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃၃ယောက်သေဆုံးကာ ၇၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

မုဒုံတွင် ပစ္စတိုတစ်လက်နဲ့ ဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ လူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိန်ပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။