အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ(ခွဲ) စစ်သင်တန်းကျောင်း (၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ(ခွဲ) စစ်သင်တန်းကျောင်း (၂) ​ရဲ့ အခြေခံစစ်ပညာနဲ့ စစ်လက်နက်ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့တဲ့ သင်တန်းဆင်းပွဲသဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်၊ စစ်ဥပဒေချုပ်ရုံး လက်ထောက်စစ်ဥပဒေချုပ် ရဲဘော်မောင်မောင်က ကိုယ်စားဖတ်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးမှူး ရဲဘော်စောရှား၊ တောင်းပိုင်းတိုင်းစစ်ဒေသ စစ်ရေးချုပ် ဆရာမ ယင်းမာ၊ သထုံခရိုင် PDF ဆေးတာဝန်ခံ ဒေါက်တာဒေဝ ၊ ဧည့်သည်တော် ဒေါ်ဖြူဖြူသင်း၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့က သင်တန်းဆင်းအမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စစ်သင်တန်း အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်တာ၊ လက်ဖြောင့်ထူးချွန်ဆု၊ စံပြကျောင်းသားထူးချွန်ဆု၊ ဇွဲထူးချွန်ဆု၊ စည်းကမ်းသေဝပ်မှုနဲ့ အုပ်ချုပ်ရေးအကောင်းမွန်ဆုံးဆုတို့ကို ချီးမြှင့်ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာ မျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း MDY PDF ထုတ်ပြန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ မတ္တရာမြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ရှိသူတွေနဲ့ ပူး‌ပေါင်းပြီး မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေဆီ သွားရောက်ကာ စားနပ်ရိက္ခာ ဝေမျှခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလက KNPP ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။