အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးတို့ကို အထောက်အကူပြုစေဖို့ဆိုပြီး ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗဟိုကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာ လက်အောက်ခံတွေဖြစ်တဲ့ ရဲချုပ်က ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒု-ရဲချုပ်က အတွင်းရေးမှူး၊ ရဲဦးစီးအရာရှိချုပ်က တွဲဖက်အတွင်းရေးမှူးတို့အဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို စစ်ကောင်စီက ခွင့်ပြုသွားမှာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့စီမံကိန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စောင့်ကြပ်မယ့် အမည်ခံသာဖြစ်တယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းပြောဆိုကြပါတယ်။

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရ လိုင်စင်ရလုံခြုံရေးကုမ္ပဏီတွေဟာ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်တွေ ရှိလာမှာဖြစ်ပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်အတွက် ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအထိ တင်ပြပြီး ခွင့်ပြုချက်ယူရမယ်လို့ ဥပဒေပြဋ္ဌာန်းချက်ထဲမှာ ပါပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိသူဟာ နိုင်ငံခြားကုမ္ပဏီဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံသားဝန်ထမ်း အနည်းဆုံး ၇၅ ရာခိုင်နှုန်းရှိရမယ်လို့ ဥပဒေထဲ ပြဋ္ဌာန်းထားတာကြောင့် ၂၅ ရာခိုင်နှုန်းက နိုင်ငံခြားသားလုံခြုံရေးဝန်ထမ်းတွေ ထားရှိနိုင်မှာဖြစ်ပါတယ်။

ပြည်တွင်း/ပြည်ပကုမ္ပဏီတွေအနေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမယ့် ကျော်ဇောသတင်းရှိသော ကုမ္ပဏီမဖြစ်စေရအပါအဝင် စည်းကမ်းချက်(၄)ချက်နဲ့ ကိုက်ညီပါရင် သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီထံ အထောက်အထားအပြည့်အစုံနဲ့ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

မြို့တော်ခန်းမရှေ့တွင် “Reject the Illegal election” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှာ 'Reject the Illegal election' စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးလိုက်တယ် လို့ Rangoon Scout Network ဆီက သိရပါတယ်။
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ  အဆုံးတိုင် ချီတက်သွားမည်ဟု NUG အစိုးရ ဆို

စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ လက်တွဲပြီး အဆုံးတိုင် ချီတက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်အုပ်စု စစ်ကြောင်း၂ ခု ခွဲထိုးပြီး မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။