စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution News က သတင်းဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က ညနေပိုင်းမှာ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ကောင်စီ ဂိတ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပြည်သူတွေရှိရာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၅ နှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း မုံရွာမြို့နယ်၊ စစ်ကောင်စီတပ်စခန်းရှိရာ ခင်မွန်ဘက်စုံခြံက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုဟာ မုံရွာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေရာတစ်နေရာမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူ (၁) ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ Chaung U Revolution News)

0 Shares:
You May Also Like
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်က တောင်ဝိုင်းတောင် ဖြိုတာကို ဝေဖန်သော ဘုန်းကြီးအား စစ်တပ်က နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ လူဝတ်လဲအမှုဖွင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် ဦးစန္ဒာဇောတိ အပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး ဆရာတော်ကို လူဝတ်လဲကာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော် သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီကထဲက အဆက်အသွယ် ပြတ်နေတာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

MBT တပ်ဖွဲ့ဝင် ရဲဘော် မိုးကြိုး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ရဲဘော် မိုးကြိုးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ MBT က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

တနိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ ICC ကို KHRW တိုက်တွန်းတောင်းဆို

အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။