ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ အခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က ရှမ်း – မန်းစစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် – ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော်ခိုင်စိုးမင်းနဲ့ ရဲဘော် အောင်မျိုးဦးတို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပေးအပ်တဲ့ တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ဆိုပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ အနေနဲ့လည်း ကျဆုံးရဲဘော် ၂ ယောက်ကို ဦးညွတ်ဂုဏ်ပြုသလို ကျဆုံးရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုကို အစဉ်အောက်မေ့သတိရကာ ပြည်သူ့ တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

RCSS နဲ့ SSPP ထိတွေ့ တိုက်ပွဲတွေ များပြားလာမှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိ

ရှမ်းမြောက်က မိုင်းကိုင်ဒေသမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုသိမ် – မုံရွာကားလမ်းမပေါ်မှာ ပြည်သူပိုင်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီက တပ်ပြောင်းရွှေ့နေ

စစ်ကောင်စီက ပုသိမ် - မုံရွာကားလမ်းမပေါ်မှာ သာသနာပိုင်ယာဥ်များ၊ လူနာတင်ယာဥ်များကို အသုံးပြုပြီး တပ်ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အထူးဂရုပြုသွားလာကြဖို့ AYA PDF အမှတ် (၂၉) ဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။