ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ​လက်အောက်ခံတပ်တွေကိုလည်း အပြီးသတ် ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပြီး အမတ ၃၆၆ ကိုပါ မနေ့က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စကခ ၂၁ တပ်ရင်းဌာနချုပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဟာ နှစ်လခွဲကျော်အတွင်းမှာတော့ စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊  ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နဲ့ ဒုံးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်တွေ ကျန်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် တိုက်လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု ခုခံနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပန်ဝါကို KIA က သိမ်းပိုက်လိုက်တာကြောင့် လိုင်ဇာအနီးကို စစ်ကောင်စီက ပြန်လည်ဗုံးကြဲတိုက်ခိုက်

ပန်၀ါဒေသကို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်လို့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးကို စစ်ကောင်စီက လေကြောင်းကနေပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ပြည်တွင်းတွင် ဆိုလာပြားများ လုံလောက်အောင်ထုတ်လုပ်ရန် မင်းအောင်လှိုင် ပြော၊ ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များ ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံရန် ပြောပြန်

လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်တော့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုလာပြားတွေ ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့နဲ့ ထုတ်လုပ်မှုတိုးတက်ရေးအတွက် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဇွန်လ ၂၁ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်က လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သား ၁ ယောက်ကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ဒီဇင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ထဲကို ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ သင်တန်းသားအသစ်များ လက်ခံခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။
Read More

အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းချဖို့ မြိုင် ပကဖ က ထုတ်ပြန်

တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။