မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကြောင့် ပြည်သူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိစေရေးအတွက် ၄၀ မမ ဗုံးသီးတစ်လုံးကို ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။

ဗုံးသီးကို ရှင်းလင်းရာမှာ ပစ္စည်းကိရိယာစုံလင်စွာ မရှိတဲ့အတွက် လေးခွ၊ လက်ပစ်ခဲတွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျည်ဆံလေလွင့်မှုမရှိအောင် ချွေတာခဲ့ကြတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တွေဟာ ပြည်သူကို ရရာနည်းလမ်းနဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကာကွယ်ပေးဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ မိုင်းရှင်းတဲ့ စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူကနေ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်စခန်းတွေကို ရိက္ခာလာပို့တဲ့ အစီး ၂၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က ကိုင်းဆယ်အရောက် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖရူဆိုမြို့တွင်းရှိ တပ်စခန်းတွေနဲ့ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်တပ်တွေနဲ့ အမှတ် (၁၄) တန်းမြင့် စစ် လေ့ကျင့်ရေးကျောင်းသို့ လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့တယ်လို့ Karenni Nationalities Defence Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အသက်ထက် သေနတ်က ဈေးကြီးနေတယ်ဆိုတဲ့ အညာဒေသ တော်လှန်ရဲဘော်များ (ရုပ်/သံ)

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက သေနတ်ကောက်ဖို့ ကြိုးစားကြတဲ့ အညာဒေသ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ဧရာအနောက်မြို့တော်သို့ ကမ်ပိန်းကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဏာရှင်အတွက် အသေခံမလား (သို့) အာဏာရှင်ကို အတူဖြုတ်ချကြမလား (ရုပ်/သံ)

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။