မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ တောင်သာမြို့အနောက်တောင်ဘက်၊ မြို့နဲ့ ၈မိုင် ကျော်အကွာက ပျူစောထီးတွေ တပ်စွဲရာ ထနောင်းကုန်းကျေးရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ထိတွေ့တိုက်ပွဲ ၁နာရီကြာအတွင်း ကျေးရွာထဲက စစ်အုပ်စုဘန်ကာတွေကို သိမ်းပိုက်ရရှိခဲ့သလို အလောင်း၂လောင်းနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ 

အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ(PLA) သိမ်းဆည်းရရှိသည့် စစ်လက်နက်များ

တိုက်ပွဲအပြီး ပျူစောထီးတွေဆီက ကာဘိုင် သေနတ် ၂လက်၊ KIA ထုတ် KA ၁လက်၊ ပွိုင့် ၂၂ လက်လုပ် အတို ၂လက်၊ MG 1 လက်ပစ်ဗုံး ၁လုံး၊ ကာဘိုင် ကျည်ဘောက်အပို ၄ခု၊ ကာဘိုင်ကျည် ၁၀၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈တောင့် ၊ စစ်ဦးထုပ် ၂လုံး၊ ဖုန်း ၃လုံး၊ အင်ဗာတာအသေး ၁ လုံး နဲ့ မြန်မာငွေ ၁၅၂၀၀ ကျပ်နဲ့အတူ သေနတ်ပစ်ပြိုင်ပွဲဝင်ဆု တံဆိပ် ၆ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ထနောင်းကုန်းရွာက ပျူနဲ့ စစ်သား အင်အား ၄၀ ကျော်လောက်ရှိတဲ့ရွာကြီးပါ။ တောင်သာမြို့ရဲ့ အနောက်တောင်ဘက် ၈မိုင်သာသာမှာ ရှိပါတယ်။ ကန်မြဲ-ဝဲလောင် လမ်းပေါ်မှာပေါ့။  M135 နဲ့ လေကြောင်းပစ်ကူတွေကြောင့် ဘန်ကာ ၃လုံးပဲ ရခဲ့ပါတယ်။” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့တို့က ထုတ်နှုတ်အင်အားတွေနဲ့အတူ န.ပ.တ ၇၀၄ Local တပ်ပေါင်းစုတပ်ရင်းက ထုတ်နုတ်အင်အားတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တပ်ကုန်းမှာ ရွေးကောက်ပွဲအတုကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဦး သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF Tatkon ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

စစ်တပ်အရာရှိများ ထိခိုက်သေဆုံး ဖမ်းဆီးခံရမှုရှိလာမှုများနှင့်အတူ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမှာ စစ်ရေးအသာစီး ရလာပြီဖြစ်သည့် အာရက္ခတပ်တော် AA

“G1 ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ကျွန်တော်တို့လည်း သိရှိထားပါတယ်။ တချို့တွေကတော့ ပြောကြတယ် G1 ဆိုတာက ရုံးထိုင်ရတာပေါ့။ တပ်မတွေ … စအခတွေမှာက G1 တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် စစ်ထွက်တဲ့အခါမှာ ဗျူဟာမှူးက ၃ယောက်မပြည့်ရင် G1 က ခေတ္တ ဗျူဟာမှူးအနေနဲ့ လိုက်ရလေ့ရှိတယ်။ အခုဖြစ်စဉ်ကလည်း နည်းဗျူဟာမှူး မရှိလို့ G1 ကနေပြီးတော့ ခေတ္တ ဗျူဟာမှူးအနေနဲ့ ကျောက်ဖြူကို အရေးပေါ် ထွက်လာရတာလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်း စစ်တပ်စခန်းများနှင့် စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက် တပ်စခန်းတွေနဲ့ စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇)ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်းပိုင်း၊ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အင်အား(၅၀)ရှိ စစ်တပ်စခန်းတကို PDF တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။