ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၇ ယောက် သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလအတွင်း ညောင်‌လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာ၊ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီရဲ့ ယာယီတပ်စခန်းကို တိုက်ခိုက်ခဲ့မှု ​အပါအဝင် စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၅)ကြိမ်၊ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို မိုင်းခွဲခြင်း၊ တပ်စခန်းတွေကို ဒရုန်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှု (၂၆) ကြိမ်နဲ့အထက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား (၁၅၇) ယောက် သေဆုံးပြီး (၉၈) ယောက် ဒဏ်ရာရခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဆီ အလင်းဝင်ရောက်လာသူ (၂၃) ယောက် ရှိတယ်လို့လည်း တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက စက်လက် (၁)လက်၊ စနိုက်ပါ (၁)လက်၊ ၈၀မမ (၁)လက်၊  ၆၀မမ (၂)လက်၊  ၅၀မမ (၁)လက်၊ လက်နက်ငယ်အစုံ (၅၂) လက်၊ ကျည်ဘောက်အစုံ (၅၁)ခု၊ ကျည်အနည်းငယ်နဲ့ အခြား စစ်ဘက်အသုံးအဆောင် ပစ္စည်းအချို့တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်နဲ့အထက် ပြုလုပ်ခဲ့သလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၆) ယောက် အသက်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂၂) ယောက်နဲ့ မတရားဖမ်းဆီးခံရသူ (၂၈)  ယောက်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ဖြစ်ပွါးခဲ့သော အဆိုပါတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ၊ LDF တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်တပ်ပေါင်းစုနဲ့ အခြားပူးပေါင်းတပ်ဖွဲ့တွေ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ခလရ ၅၀ အခြေစိုက် စစ်အုပ်စုများ စိုင်ဒူးရွာကို သေနတ်ဖောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် မီးရှို့လူသတ်သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၀ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့ ကာကွယ်ရေးနှင့် တော်လှန်ရေးအတွက် တပ်ဖွဲ့နှင့် ကင်းကွာနေသည့် ရဲဘော်များ ပြန်လည်လက်တွဲရန် မိုးကုတ်ဗျူဟာ ဖိတ်ခေါ်

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။