ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက မဟုတ်ဘဲ လွှတ်ပေးလို့ရတဲ့ စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ယောက်နဲ့ အမျိုးသမီး ၁၄၇ ယောက် စုစုပေါင်း ၁၉၈ ယောက်ကို AA က အခုရက်ပိုင်းအတွင်း ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပြီး အဲ့ဒီအထဲမှာ ဒုရဲမှူးကြီးအဆင့် ၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်က လွှတ်ပေးခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ယောက်နဲ့ အရပ်သားအကျဉ်းသား ၂၆ ယောက် (ဓာတ်ပုံ Arakan Princess Media)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်မှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ယောက်နဲ့ အရပ်သားအကျဉ်းသား ၂၆ ယောက်ကိုလည်း AA က လွှတ်ပေးခဲ့ပါသေးတယ်။

AA ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ စစ်သုံပန်းတွေ ရှိရာ မြောက်ဦးမြိုနယ်၊ ရမ်းချောင်းဒေသကို စစ်ကောင်စီက လေကြောင်းကနေကယ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံပန်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထား ရယူပြီး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်ပြော

လက်ရှိ KIA နဲ့ TNLA ကြားဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

ကရင်နီမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခုထက်မနည်း စစ်ကောင်စီက ကျူးလွန်ခဲ့

ကရင်နီပြည်နယ်တဝန်းမှာ စစ်ကောင်စီက  ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀၈) ခု ထက်မနည်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်နှင့် မင်းတုန်းတွင် စစ်တပ်ထုတ်ကုန်ရောင်းချမှုများအပေါ် အရေးယူမှု ပိုပြီးပြင်းထန်လာမည်ဟု PDF သတိပေး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းနဲ့ သရက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အုပ်စုထုတ်ကုန်ပစ္စည်း ရောင်းချမှုတွေကို စစ်ဆေးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် အလေးမထားမှုတွေ ရှိနေသေးတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်သား ၄ ဦး သေ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးသွားတယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။