ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သံသယတရားခံ ၁၀ဦးကို အဲဒီနေ့မှာပဲ ချက်ချင်းဖမ်းဆီးထားနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်က ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းအတွင်း မန္တလေးဂိုဏ်းချုပ်သာသနာ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို အရေးယူသွားမှာဖြစ်တယ်လို့ ဖော်ပြထားပြီး၊ ပြစ်မှုကျူးလွန်တဲ့ ဒေသခံအဖွဲ့အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဖာသာရ်မာတင်ဒေါနယ်သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူတွေကို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး အပူတပြင်း လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

သံသယတရားခံ (၁၀) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) မှ ပူးပေါင်းဖမ်းဆီးမိခဲ့တာလို့ ဆိုထားပါတယ်။

အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမယ်လို့လည်း NUG က ထုတ်ပြန်ထားတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကော်မရှင်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ ၁၂ ဦး သေ

မကွေးတိုင်း၊ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

“ရှမ်းမန်း စစ်ဆင်ရေး” နှင့် “၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂)” တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် BLDF တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့…

"ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တယ်လို့ BLDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။