စစ်ကိုင်းတိုင်း ကန့်ဘလူ ပလဖ အချုပ်စခန်းက လိင်အကြမ်းဖက်မှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ပလဖအချုပ်စခန်း-၂ (C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို ပအဖ၊ ပလဖအဖွဲ့ဝင်တွေရဲ့ လိင်အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်ဇော်က ပြန်လည်ဖြေရှင်း ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ် မှာ ဦးကျော်ဇော်က ကန့်ဘလူအချုပ်ခန်း ဖြစ်စဉ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနက အွန်လိုင်းမှတဆင့် ကနဦး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး NUG ရဲ့ ရဲချုပ်မှ ဦးဆောင်ကာ မြေပြင်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ပလဖအချုပ်စခန်း-၂(C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို ပအဖ၊ ပလဖအဖွဲ့ဝင်တွေက အချုပ်သူအချို့ကို လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာကြောင့် ကာယကံရှင်တွေက အမှုဖွင့်ကာ အဆင့်ဆင့်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ကျူးလွန်သူတွေကို လက်ရှိအချိန်အထိ ပြစ်မှုပြစ်ဒဏ်တွေ အသီးသီး မချမှတ်နိုင်သေးတာဖြစ်ပါတယ်။



လိင်အကြမ်းဖက်မှု ခံခဲ့ရတဲ့ ကာယကံရှင်အမျိုးသမီး(၂)ဦးဟာ ၂၀၂၅၊ ဇန်နဝါရီ ၁ရက်မှာ ထပ်မံပြီး အမှုဖွင့်တိုင်ကြားထားပေမယ့် လက်ရှိအချိန်အထိ သံသယရှိသူတွေဖြစ်တဲ့ NUG လက်အောက်ခံ ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးလုပ်ဆောင်ခြင်းမရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းအချို့က ထောက်ပြဝေဖန်ထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ C2 မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Non-CDM ကျောင်းသူတစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်း‌ဆောင် မဲခေါင်(ခ) မြင့်ဇော်ဦးက အလိုမတူဘဲအသက် ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့သလို အဲ့ဒီအချုပ်ခန်းမှာပဲ နောက်ထပ်အချုပ်သူတစ်ဦးကိုလည်း စခန်းမှူးအဖြစ် တာဝန်ယူထားသူ ရဲရင့်(ခ)လင်းယုန်ဆိုသူက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တယ်လို့ နစ်နာသူတွေက အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဲဒီ့အမှုတွေဟာ ၂နှစ်နီးပါးကြာတဲ့အထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးလို့ အဆင့်ဆင့်တိုင်ကြားမှုတွေ ပြုလုပ်ထားပြီး NUG ဘက်ကတစ်စုံတစ်ရာ အရေးယူထားနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေဘိုမှာ ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အမျိုးသား ၁ဦး ဦးခေါင်းဗုံးစထိမှန် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးသီး ၉ လုံး လာရောက်ကြဲချခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၃နာရီလောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့စက်တပ်လေထီး ၃စီးဟာ အေးရွာလေးကို ၁၂၀ မမ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ယောက် ဦးခေါင်းကို ဗုံးစထိမှန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Read More

အခြေခံစစ်သင်တန်းတက်ရင်း အမျိုးသမီး ၁ ဦး နှလုံးဖောက် သေဆုံး

မွန်ပြည်သစ်ပါတီကနေ သင်ကြားပို့ချပေးနေတဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်နေတဲ့ မွန်အမျိုးသားကောလိပ် ကျောင်းသူ ၁ယောက်ဟာ သင်တန်းတက်ရောက်နေချိန် ကာလအတွင်းမှာပဲ နှလုံးဖောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသူများနှင့် ကာယကံရှင်ကို စစ်ကောင်စီ ဖမ်းမိပြီဟုဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းပေးရန် လူမှုကွန်ရက် ပေါ်တက်ရေးသည်ဟုဆိုကာ ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။