အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

လျှောက်ထားချင်တဲ့ တပ်သားသစ်တွေ အနေနဲ့ ကျန်းမာ‌ရေး အထူးကောင်းမွန်ပြီး အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း ရှိရမှာ ဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဆောင်ရွက်နိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်သားသစ်တွေဟာ အမိန့်နာခံတတ်ပြီး တော်လှန်ရေး ပြီးဆုံးတဲ့အထိ ပေးအပ်ထားတဲ့ တာဝန်တိုင်းကို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်ရမယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ဆိုပါတယ်။

ရန်ကုန်တိုင်းစစ်ဌာန၏ တပ်သားသစ်ခေါ်ယူခြင်း ကြေညာချက်

ပြည်သူတွေနဲ့ တော်လှန်ရေးအပေါ် သစ္စာစောင့်သိပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံ စွန့်စားဝံ့သူ ဖြစ်ဖို့ လိုသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးဦးက အာမခံ ပေးနိုင်တဲ့ တပ်သားသစ်တွေကို ဦးစားပေး ရွေးချယ်မယ်လို့ သိရပါတယ်။

အဆိုပါ အချက်တွေကို ကိုက်ညီပြီး ဝင်ရောက်ချင်တဲ့ တပ်သားသစ်တွေအနေနဲ့ https://docs.google.com/…/1FAIpQLSchvbfQi0a…/viewform… မှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

လျှောက်ထားတဲ့ တပ်သားသစ်တွေကို စိစစ်ပြီး ရွေးချယ်ခြင်း ခံရသူတွေကို Email : ymcoffice2024@gmail.com, Telegram : +16467129303 (username – @ymcoffice2024) စတဲ့ အကောင့်တွေက တဆင့် ပြန်လည် ဆက်သွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မှာ တပ်မ ၃၃ စစ်ကြောင်းကို တိုက်ခိုက်ရာ အယောက် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ကထုတ်ပြန်ထားပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Special Operation Group (S.O.G) စစ်ကြောင်းရဲ့ ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group (SOG) စစ်ကြောင်းမှာရှိတဲ့ ရဲဘော်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ဖို့ သဘောတူညီမှုအရ ဒီဇင်ဘာလ ၇ ရက်မှာ လက်နက်၂၀ ရာခိုင်နှုန်း ပထမသုတ်အနေနဲ့ လက်ခံရရှိခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

၆ လတာအတွင်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ၆ ဆ နီးပါးမြင့်တက်လာ

ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။