တနင်္သာရီတိုင်း  ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ တဆက်ထဲမှာပဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအများအပြားသေဆုံးကာ၊ ဒရုန်း ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဘုတ်ပြင်းမြို့နယ်အတွင်းကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ထောင်စုံမဟက်ကျေး ရွာအုပ်စု ဘိုဒါးကျေးရွာအနီး အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲအရောက် မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဘုတ်ပြင်းတပ်ဆေးရံသို့ ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းကလည်း အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင် ထောင်ငါးသိုင်းကျေးရွာ ချောင်းမွန်ကျေးရွာရှိ အာရ်ဇီးရိုးနေရာအရောက်မှာ အဝေးထိန်းမိုင်းဖောက်ခွဲပြီး ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်ယာဉ်ဒရုန်း ၁ စီးကို တော်လှန်ရေးရဲဘော်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က နေ့လယ်ပိုင်းမှာလည်း ချောင်းမွန်ကျေးရွာအနီး အာဇီးရိုးနေရာသို့ ထပ်မံ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးသီးချိတ်ဆွဲထားတဲ့ ဒရုန်း ၁ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို KNLA အမှတ်(၂၀၃)တပ်ရင်းမှ အမှတ် (၂) တပ်ခွဲ၊ အမှတ် (၃) တပ်ခွဲ၊ KNU ပြည်သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(Flying Star Foce)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းစဥ် စစ်သားအလောင်း ၁၆ လောင်းတွေ့ရှိ (ရုပ်/သံ)

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။
Read More

ကမ္မမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက်သေကာ ပြည်သူ့ရဲဘော် ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်ကောင်စီသုံ့ပန်းထဲမှာ DPLA မှ ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူ ပြန်လည်တွေ့ဆုံ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းမှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဖမ်းဆီးမိတဲ့ စစ်‌ကောင်စီတပ်သားတွေထဲမှာ DPLAတပ်ဖွဲ့ဝင်ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူကို ပြန်လည်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။