ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၂၁) တပ်ရင်းစခန်းကို ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက်ထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိထားပြီး အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်နက်ကြီးတွေ အဆက်မပြတ် အသုံးပြုကာ ခုခံတိုက်ခိုက်နေတယ်လို့ KIA က ဆိုပါတယ်။

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့နယ်မှာလည်း ဇန်နဝါရီ ၂၇ ရက်ကစလို့ KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

အင်းတော်မြို့က နယ်မြေအများစုကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း အင်းတော်မြို့နယ်နေရာအချို့ကို လေယာဉ်၊ ဒရုန်းတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေသလို တော်လှန်ရေးတပ်တွေကလည်း အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားနေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

၃ နှစ်အရွယ် မငွေမှုံဦး၏ ဖခင်ကို စစ်တပ် ဖမ်းခေါ်သွား၊ နောက်ရက်တွင် စစ်တပ်လက်နက်ကြီးကြောင့် မငွေမှုံဦး သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့ယ်၊ ရာဖူးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ယောက် ဦးခေါင်းထိမှန် သေဆုံးသွားခဲ့တယ်လို့ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးထံက သိရပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

လူအများအိပ်မောကျချိန် မြောက်ဦးကို စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ဦးအပါ ၁၂ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း AA ထုတ်ပြန်၊ စစ်တပ်က ပြည်သူများအပေါ် တမင်ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေဟု ဆို

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ လူအများအိပ်မောကျနေချိန်ကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးစေဖို့ တမင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။