ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach နဲ. တော်လှန်ရေးကာလ ကြားကာလမှ စတင်ပြီးတော့ အတူတကွ နိုင်ငံကို တည်ဆောက်သွားနိုင်ဖို့ သဘောတူညီချက် ရရှိထားပြီလို့ ဦးကျော်ဇော်က ဆိုပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ“ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်မှာ ဦးကျော်ဇော်က ထည့်သွင်းပြောကြား လိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့က  ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach ကိုသာ ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအတွက် ဆက်လက်ဆောင်ရွက်ရေးဆွဲသွားမယ်လို့ ထုတ်ပြန်ချက်အပေါ် NUG က ပြန်လည်ပြောဆိုလာခြင်း ဖြစ်ပါတယ်။

“ကျနော်တို့အကြားမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ.စည်းပုံအခြေခံဥပဒေရေး ဆွဲရေးဆိုင်ရာ အခြေခံသဘောထား အယူအဆများနှင့် အသွင်ကူးပြောင်းရေးကာလဖွဲ.စည်းပုံဥပဒေတွင် အခြေခံရမည့်သဘောထား (concept) များကို သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်” လို့ ဦးကျော်ဇော်က ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီကို တော်လှန်နေတဲ့ KNPP အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်နယ်၊ လူမျိုးကိုယ်စားပြုဖက်ဒရယ်ကောင်စီများ စုစုပေါင်းအဖွဲ့ ၉ဖွဲ့ ပူးပေါင်း၍  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ရက်က  ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach နဲ့သက်ဆိုင်တဲ့ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

“ပြည်နယ် အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး”ချည်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ်ဟာ  အစိုးရအဆက်ဆက်၏ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေတဲ့ နက်ရှိုင်းသော နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးသည့် ထပ်ဆင့် ပြဿနာများကို ဖြစ်ပေါ်စေသည်မှာ ပကတိအရှိတရားပင် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ပူးတွဲကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB စတဲ့ အဖွဲ့ ၉ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ အပတ်စဥ် (၅) စစ်သင်တန်းဆင်းပွဲ

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

၄ လကျော်ကြာ ဖြစ်ပွားနေသည့် သိန်းခွန်ကျေးရွာတိုက်ပွဲမှ စစ်သား ၂ ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှ်ိ ၄ လကျော်ကြာ ဖြစ်ပွားနေတဲ့ သိန်ခွန်းကျေးရွာ တိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။