စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း လူငယ်လူရွယ်တွေကို ၎င်းတို့ရဲ့သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ စုဆောင်းမှုဟာ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) အထိရောက်ရှိလာတာဖြစ်ပါတယ်။

နေပြည်တော်အပါအဝင် တိုင်းစစ်ဌာနချုပ် ၆ ခုမှာ စတင်လိုက်တဲ့စစ်မှုထမ်း အပတ်စဥ် (၁၀)သင်တန်းမှာလည်း တစ်ဦးချင်းစီရဲ့ သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မစုဆောင်းခံရသူ လူငယ်လူရွယ်အများစု ပါဝင်လာခြင်း ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေအယောက် (၅၀၀၀) ခေါ်ယူမယ်လို့ ကနဦး ပြောကြားထားပေမယ့် အပတ်စဉ်(၅) နောက်ပိုင်းမှစတင်ကာ သတ်မှတ်ထားတဲ့ အရေအတွက်မပြည့်မှီဘဲ စစ်သင်တန်းတွေက စတင်နေရတယ်လို့ CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီအရာရှိတွေက ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ်တိုင်း စစ်ကောင်စီဟာ လူအင်အား အများဆုံး ၄၀၀၀ လောက်အထိသာ စုဆောင်းနိုင်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ အစီရင်ခံစာအချို့မှာလည်း ဖော်ပြထားပါတယ်။

တပ်သားသစ် စုဆောင်းခံရသူတချို့ကတော့ စစ်ကောင်စီ စေလွှတ်တဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ မြေပြင်မှာ အသီးသီးခိုလှုံမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ရာ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ စာရင်းတွေအရ အရပ်သားပြည်သူ ၁၂,၆၅၅ ယောက်ကို သူတို့ရဲ့ သဘောဆန္ဒမပါဘဲ စစ်တပ်က ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့တယ်လို့ SRD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

အပတ်စဉ်တစ်ခုကို နိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်သားသစ် ၅၀၀၀ အထိ စုဆောင်းကာ လက်ရှိ အပတ်စဉ်(၁၀) အထိ စစ်မှုထမ်းအင်အား ၄၅၀၀၀ အထိ အဓမ္မစုဆောင်းထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ စစ်သည်အင်အား သောင်းဂဏန်းထက်မနည်း သေဆုံးသွားခဲ့ပေမယ့် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁၀) အထိ ပြန်လည်စုဆောင်းထားနိုင်မှုက အယောက် ၄၅၀၀၀ အထိရှိတာကြောင့် စစ်တပ်ဟာ ဆုံးရှုံးသွားတဲ့ စစ်အင်အားကို ပြန်လည်စုဆောင်း ထားနိုင်ပြီဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်ခဲ့သည့် လောင်းလုံးတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး များပြားကာ ရေတပ်ပစ်ကူယူခဲ့ရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

တရုတ်နဲ့ ထိုင်း ကြားခံဝင်ရောက်လာတဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီအတွက် အသက်ရှူပေါက်ဖြစ်နေ

တရုတ်နဲ့ထိုင်းဟာ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ဝင်ရောက်ညှိုနှိုင်းစေ့စပ် ဆွေးနွေးပေးနေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းကို စစ်ကော်မရှင်တပ် ပြန်လည်သိမ်းပိုက်လိုက်ပေမယ့် အထိုင်ချရဲမှာမဟုတ်ဘူးဟု ဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကော်မရှင်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ "လူထုတွေ့ဆုံပွဲနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ" ပြုလုပ်ခဲ့ပြီး လေကြောင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ပန်းဖလက်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။