တနင်္သာရီတိုင်း  ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ တဆက်ထဲမှာပဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအများအပြားသေဆုံးကာ၊ ဒရုန်း ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဘုတ်ပြင်းမြို့နယ်အတွင်းကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ထောင်စုံမဟက်ကျေး ရွာအုပ်စု ဘိုဒါးကျေးရွာအနီး အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲအရောက် မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဘုတ်ပြင်းတပ်ဆေးရံသို့ ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းကလည်း အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင် ထောင်ငါးသိုင်းကျေးရွာ ချောင်းမွန်ကျေးရွာရှိ အာရ်ဇီးရိုးနေရာအရောက်မှာ အဝေးထိန်းမိုင်းဖောက်ခွဲပြီး ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်ယာဉ်ဒရုန်း ၁ စီးကို တော်လှန်ရေးရဲဘော်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က နေ့လယ်ပိုင်းမှာလည်း ချောင်းမွန်ကျေးရွာအနီး အာဇီးရိုးနေရာသို့ ထပ်မံ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးသီးချိတ်ဆွဲထားတဲ့ ဒရုန်း ၁ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို KNLA အမှတ်(၂၀၃)တပ်ရင်းမှ အမှတ် (၂) တပ်ခွဲ၊ အမှတ် (၃) တပ်ခွဲ၊ KNU ပြည်သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(Flying Star Foce)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

KK Park အတွင်း ၃ ရက်ဆက် ဗုံးများပေါက်ကွဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park အတွင်း ၃ ရက်ဆက် ပေါက်ကွဲမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။