ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia – Siyin က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်က တီးတိန်မြို့အခြေစိုက် (၂၆၉)တပ်ရင်းက ရဲတပ်သား ၂ ယောက်ဟာ ကျနော်တို့ CDF CDM SIYIN တပ်ဖွဲ့ဆီ ခဲယမ်းတချို့နဲ့ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်သား ၂ ယောက်ကို ထိုက်တန်စွာ ချီးမြှင့်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းကနေ အလင်းဝင်ရောက်ချင်တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ CDF CDM SIYIN ရဲ့ စစ်ဦးစီးချုပ် (ဖုန်းနံပါတ်- ၀၉၉၅၄၆၃၄၅၁၃) ကို ဆက်သွယ်နိုင်တယ်လို့လည်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လိုသူတွေဟာ မြို့တွင်းမှာဖြစ်ဖြစ်၊ ဘယ်လိုနေရာမှာပဲ ရောက်နေပါစေ သွားရောက်ကြိုဆိုပေးမှာဖြစ်ပြီး သွားလိုတဲ့နေရာ၊ လုပ်လိုတဲ့ အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးကာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပေးမယ်လို့ CDF CDM SIYIN က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒုတပ်ကြပ်အပါ စစ်ကော်မရှင်တပ်သား ၄ဦး PRA-Magway ထံ ချိတ်ဆက်အလင်းဝင်၊ ထွက်ပြေးလာသည့် စစ်သား ၃ဦးကိုလည်း ဖမ်းမိ

မကွေးတိုင်း၊ အမ်း-ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းရွာအနီးမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၁ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၄ ယောက်ဟာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ထံ ချိတ်ဆက် အလင်းဝင်လာခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီဇင်ဘာ ၇ရက်မှာ ထုတ်ပြန်ပါတယ်။ PRA-Magway လှုပ်ရှားနေတဲ့ စစ်ဆင်ရေးနယ်မြေထဲမှာ တာဝန်ကျရင်း အလင်းဝင်လာတဲ့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကော်မရှင် လက်လွှတ်လိုက်ရတဲ့ ဂွမြို့နယ်အခြေစိုက် ခမရ (၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။