ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရေပူ(ထီခိုး)ရွာအနီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမှာ PNO ပြည်သူ့စစ် ၃ ယောက်သေပြီး ၄ ယောက်အရှင်ဖမ်းဆီးမိခဲ့ကာ MA11 ၃ လက်၊ AK ၂ လက်နဲ့ ကျည်ဘောက်တချို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပျားစစ်ကြောင်း၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁၀၀၉)နဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁၀၀၆)တပ်တွေမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ PNO  ပြည်သူ့စစ်တွေဟာ လက်နက်ကြီး၊ လေယာဉ် တွေ အသုံးပြုပြီး ရေပူ (ထီခိုး)ရွာအတွင်း ပစ်ခတ်တဲ့အတွက် အရပ်သားပြည်သူနေအိမ်အချို့ ပျက်စီးခဲ့ရပြီး ပြည်သူများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးပြီး နယူးယောက်က မူးယစ်တိုက်ဖျက်ရေးဌာနကို ခေါ်ဆောင်လာ (ရုပ်/သံ)

မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ ဗင်နီဲဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို အမေရိကန်မူးယစ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ၄င်းတို့ရဲ့ ရုံးထဲကို ခေါ်ဆောင်သွားကြပြီလို့ သိရပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ကမ္မမြို့မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ကမ္မမြို့မှာ အရပ်သားပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းရွာတွင် တိုက်ပွဲများ ပြင်းထန်နေ၊ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား (ရုပ်/သံ)

မေလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်းရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဓားစာခံလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မအူပင်မြို့တွင် ဆီဆိုင်မီးလောင်မှုကြောင့် အမျိုးသား တဦး သေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်း မအူပင်မြို့အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းရှိ စက်သုံးဆီအရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ယောက် သေဆုံးကာ ၅ ယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်တွင် တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၁ ယောက် ပြုတ်ကျဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေ သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။