ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူပြောင်းရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေ အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအောက်မှာ အကြမ်းဖက်မြန်မာစစ်အုပ်စုက ကျင်းပမယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ် မဖြစ်နိုင်ကြောင်း The Elders အဖွဲ့က ပြောကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

The Elders အဖွဲ့ဟာ ကမ္ဘာပေါ်ရှိ အင်အားကြီး ဒီမိုကရေစီ နိုင်ငံအသီးသီးက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေ၊ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်၊ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်း ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့ရဲ့ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။