ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သံသယတရားခံ ၁၀ဦးကို အဲဒီနေ့မှာပဲ ချက်ချင်းဖမ်းဆီးထားနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်က ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းအတွင်း မန္တလေးဂိုဏ်းချုပ်သာသနာ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို အရေးယူသွားမှာဖြစ်တယ်လို့ ဖော်ပြထားပြီး၊ ပြစ်မှုကျူးလွန်တဲ့ ဒေသခံအဖွဲ့အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဖာသာရ်မာတင်ဒေါနယ်သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူတွေကို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး အပူတပြင်း လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

သံသယတရားခံ (၁၀) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) မှ ပူးပေါင်းဖမ်းဆီးမိခဲ့တာလို့ ဆိုထားပါတယ်။

အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမယ်လို့လည်း NUG က ထုတ်ပြန်ထားတယ်။

0 Shares:
You May Also Like
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီတပ် တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၁၁ဦးကို မိုင်းကွင်းဖြတ်ခိုင်း၊ ၅ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရ၊ အရပ်သားအချို့ကိုလည်း ခေါင်းကို သေနတ်ဖြင့် တေ့ပစ် သတ်ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၉ယောက်ကို ခေါင်းသေနတ်တေ့ပစ်သတ်တာနဲ့ အသေခံ မိုင်းနင်းခိုင်းတာတွေလုပ်ဆောင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
Read More

မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တင်မည့် PDF အထူးတိုင်းစစ်ဌာနအား NUG ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေနဲ့ ဗျူဟာတွေကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။