ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။

ပစ်ခတ်မှုအတွင်း ဒုရဲအုပ် အောင်သူရနဲ့ စစ်သား ၁ ယောက် နေရာမှာပဲသေဆုံးပြီး ဒရုန်းနဲ့ ဗုံးသီး ၃ ကြိမ် ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဖြူးမြို့နယ် ပကဖ က ဒုတပ်စိပ်မှူး ရဲဘော် နေမင်းလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ အထိနာပြီး ပြန်လာသည့် အကြမ်းဖက်စစ်သားများ ပြည်သူများကို ရန်မရှာစေရန် ဒရုန်းဖြင့် ကင်း‌ထောက်ပြီး အကြောင်းကြားပေး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်မှာ တိုက်ပွဲအတွင်း အထိနာပြီး ပခုက္ကူမြို့သို့ ပြန်လာတဲ့ အကြမ်းဖက်စစ်သား တွေ ပြည်သူတွေကို ရန်မရှာစေဖို့ ဒရုန်းနဲ့ ကင်းထောက်ပြီး ရှောင်ရှားဖို့ အကြောင်းနိုင်ခဲ့တဲ့အတွက် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီရှောင်ရှားနိုင်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ခါချဉ်တောင်ပေါ် တက်လာတဲ့ အကြမ်းဖက်စစ်သားတွေ အယောက် ၄၀ ခန့် သေစေခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို နိုဝင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါ ချဉ်တောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။
Read More

ဖမ်းမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းများ သူတို့၏ တရားမဲ့လုပ်ရပ်များအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတွေဟာ တရားမဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

မိုးဗြဲမြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်မရောက်စေဖို့ ထောက်ပို့ပြည်သူများ ဝိုင်းဝန်းကူညီကြဖို့ အကူအညီတောင်းခံ (ရုပ်/သံ)

''မိုးဗြဲမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေတာ အားလုံး အသိဘဲဖြစ်ပါတယ်။ ဒေသတွင်း အရေးပါတဲ့မိုးဗြဲမြို့ကို စစ်ကောင်စီ၏ပြန်လည်မထိန်းချုပ်နိုင်ရေးအတွက် အားလုံး ပါဝင်ပေးကြဖို့လိုအပ်ပါတယ်''လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါ တယ်။
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းမှ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့တယ်လို့ BPLA ကွပ်ကဲ​ရေးမှူး​ မောင်​ဆောင်းခက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။