ယူနက်စကို စာရင်းဝင် ပုဂံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို  နိုင်ငံတကာတရားရုံးတွေကနေ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဂံဘုရားတွေတည်ရှိရာ ညောင်ဦးမြို့နယ်က နေရာတချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေပြုလုပ်အပြီး  NUG က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုနိုင်ငံတကာတရားရုံး၊ ပြည်တွင်းတရားရုံးတွေကနေ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၃) ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီလေတပ်က ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသအတွင်းက ဂျိုးကန်ရွာနဲ့ ကျောက်ပြင်ကန်ရွာကြားကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် အစောပိုင်းရက်တွေမှာလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပုဂံဒေသက ရွာတွေအတွင်း အင်အားရာချီစစ်ကြောင်း ထိုးခြင်း၊ ဒေသခံလူငယ်တွေကို ပေါ်တာဆွဲခြင်းတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အတူ ပုဂံဒေသထဲက ရွာတွေအတွင်း အင်အားရာချီစစ်ကြောင်းထိုးပြီး ဒေသခံလူငယ်တွေကို ပေါ်တာဆွဲခဲ့တယ်လို့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

ပုဂံဒေသဟာ UNESCO ထောက်ခံချက်နဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့(၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက “The Geneva Convention” နဲ့ “The Hauge Convention” ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်  အကြမ်းဖက်စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ Geneva Convention မှာပါတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာများကို ချိုးဖောက်ကျုးလွန်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

The Hauge Convention ပါ ယဉ်ကျေးမှု အမွေအနှစ်နေရာကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉(က) ကို ကျူးလွန်တာဖြစ်လို့ NUG က ပြင်းပြင်းထန်ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တရားမဝင်တဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ရေးဆောင်ရွက်ဖို့နဲ့ မဟာဗျူဟာ ၅ ရပ်ကို ၂၀၂၅ ခုနှစ်အတွင်း ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အစီရင်ခံစာအတွင်း မဟာဗျူဟာ ၅ ရပ်ကိုပါ တင်သွင်းခဲ့တာပါ။

ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။ CRPH က တင်ပြတဲ့ မဟာဗျူဟာ ၅ရပ်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြုဖို့ကိုသာ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ပြည့်ဝတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကြိုးစားတည်ဆောက်သွားမှာ ဖြစ်တယ်လို့ CRPH ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

CRPH က စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့ နဲ့ သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကနဦး ထုတ်ပြန်ပြောဆိုထားပြီး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ ၆ လ ထပ်မံသက်တမ်းတိုးထားပြီး ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်ကျမှ ကျင်းပပြုလုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်တောင် နယ်မြေတွေလက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ နိုင်ငံရဲ့ မြို့ပေါင်း ၁၀၀ကျော်လောက်မှာသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လတ်တလောမှာ တရုတ်နဲ့ ရုရှားကသာ အားပေးထောက်ခံထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

"ဒီမနက် ၆နာရီ ၄၀ မှာ ကန်ဒေါင့်ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ အတည်ပြုပါတယ်။ ​နောက်ဆက်တွဲသတင်းတွေ ဆက်ထုတ်ပြန်ပါမယ်။ ဇွန်လ ၂ရက်နေ့ကတည်းက စပြီးတိုက်ခဲ့တာ အခု ၁၉ရက်နေ့ မနက်မှာ ရတာပါ။" လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က မောင်းကိုပြောပါတယ်
Read More

တပ်နှင့်ကင်းကွာနေသူများ၊ ခွင့်ယူနေသူများ၊တပ်ပြေးများ ပြန်လာကြရန်နှင့် ပြန်မလာပါက အရေးယူသွားရန်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၃) ပြောကြား

တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်တံခါးမြို့နယ်တွင် အင်အား ၄၀ နီးပါး တပ်စွဲထားသည့် စစ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ချေမှုန်း၊ စစ်ကောင်စီဘက်မှ ၄ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က ဘုရားကြီးကုန်းရွာ အကြမ်းဖက်စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ဦးသေ၊ ၂ဦးအရှင်ဖမ်းခံရပြီး လက်နက်ခဲယမ်းတွေရရှိခဲ့ကြောင်း ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။