မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

လင်းကတောကျေးရွာက အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ဒေသတွင်း PDF တပ်ဖွဲ့တွေ၊ ဆားလင်းကြီးမြို့ နယ် တပ်ပေါင်းစု၊ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ခမ်းက စစ်ကောင်စီရဲ့ အမြောက်တပ် လက်နက်တိုက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုက၊တောင်းခမ်းဒေသ (၃၅၄) စစ်ကောင်စီရဲ့ အမြောက်တပ်ထဲ လက်နက်ကြီး ကျရောက်လို့ စစ်ကောင်စီရဲ့ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တယ်လို့ TNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်ထဲက ပျူစောထီးရွာကိုလာသော စစ်ကြောင်းအား တော်လှန်ရေးတပ်များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

"အနောက်ဘုန်းကန်က ပျူရွာဆိုတော့ အဲ့ကနေ စစ်ကြောင်းထိုးဖို့ လာတာဗျ။ မနက် ၉နာရီလောက် သူတို့ရောက်တော့ ၉နာရီ ၄၅လောက်မှာ ရော့ကတ်တွေအတွဲလိုက် ၅လုံးပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့ အတိကျမသိရသေးဘူး၊ စုံစမ်းဆဲပါ" လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

ဇီးကုန်းမြို့ KTV မှာ ပျော်ပါးနေသည့် စစ်သား ၇ ဦး တိုက်ခိုက်ခံရပြီး အားလုံး သေ

ပဲခူးတိုင်း၊ ဇီကုန်းမြို့ပေါ် KTV မှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ကို ဝင်ရောက်တိုက်က်ရာ စစ်သား ၇ ယောက်လုံး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင် ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။