မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက်အ​စော​ပိုင်းက ပခုက္ကူမြို့နယ်၊ အမှတ် (၃) ရပ်ကွက် (ခေါ်) အောင်ချမ်းသာကွက်သစ်မှာရှိတဲ့ ပျူစောထီးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သား ပျူစောထီးဖိုးခွား အပါအဝင် ပျူစောထီး (၃) ယောက် နေရာတင်ပွဲချင်းပြီး သေဆုံးသွားကာ သေဆုံးသူတွေကို ပခုက္ကူဆေးရုံ​ဆီ ပို့ဆောင်သင်္ဂြိုဟ်လိုက်ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက ပြောပါတယ်။

Shwe Nyar Myae PDF တပ်ဖွဲ့ဝင်များ

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ ပျူစောထီးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဂိတ်က အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဖွင့်ထားတဲ့ ဂိတ်ပါ။ စစ်သားတွေရော၊ ပျူတွေရောရှိတယ်။ အပြင်မှာ ပျူစောထီးတွေက ရပ်ကွက်ထဲဖြတ်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ငွေတောင်းတယ်။ ကျနော်တို့ဝင်ပစ်တဲ့နေ့က အလှူရှိတယ်။ ပျူတချို့ အလှူသွားနေတာနဲ့ ဝင်ပစ်ခဲ့တာပါ။ အုပ်ချုပ်ရေးမှူးသားအပါအဝင် ၃ ယောက်က နေရာတင်မှောက်လျက်တွေ သေကုန်ပါတယ်” လို့ Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၃ ၊ တပ်ခွဲ (၄) နဲ့အတူ Shwe Nyar Myae PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံ တကသ မှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း…

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးပြီးပြီ ဟု AA ပြောခွင့်ရ ခိုင်သုခ ပြော၊ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူး ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပကဖရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖများသည် စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့် ရှိစေဖို့ တိုက်တွန်း…

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်မှာ စစ်ကောင်စီ ဆယ်ဘီးကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြို့သာစက်မှုဇုန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဆယ်ဘီးကား ၁စီးကို ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။